DVB Logo
Home
မြန်မာသတင်း
မုံရွာတွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး
DVB
·
October 31, 2023
မုံရွာတွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ဖန်ခါးကျင်းကျေးရွာနားမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၅ ယောက် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ တော်လှန်ရေးအဖွဲ့တွေဆီက သိရပါတယ်။

အောက်တိုဘာ ၃၀ ရက် နေ့လယ် ၁၂ နာရီ ၅‌၄ မိနစ်လောက်က မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ စစ်သားအင်အား အယောက် ၇၀ လောက်နဲ့ စစ်ကြောင်းထိုးလာတာကို ကာကွယ်ရေးတပ်ဖွဲ့တွေက မိနစ် ၂၀ ကြာ တိုက်ခိုက်ခဲ့လို့ စစ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ Student Army Force -‌ ကျောင်းသားလက်ရုံးတပ်တော်က ထုတ်ပြန်ထားပါတယ်။

ကျောင်းသားလက်ရုံးတပ်တော်ရဲ့ ပြန်ကြားရေးတာဝန်ခံက “စစ်ကြောင်းထိုးလာပြီဆိုတာ မြေပြင်သတင်းပို့လာလို့ သွားရောက်တိုက်ခိုက်ခဲ့တာ။ ကြိုပြီး မစ်ရှင်လုပ်ထားတာတော့ မဟုတ်ပါဘူး။ ကျနော်တို့ရဲဘော်တွေကတော့ ပစ်ရင်း မှန်ပြီး လဲကျသွားတာ ငါးယောက်ရှိတယ်လို့ ပြောတယ်။ အတွင်းဖရဲသီးကလည်း ငါးယောက်သေသွားတယ်လို့ ပြောလာပါတယ်။ နှစ်ဖက်ပစ်ခတ်ကြတာ စစ်သားတွေက ပြေးရင်းပစ်တာ အဝေးရောက်သွားတော့ သူတို့ဘက်က ခြေရာဖျောက်ပြီး ငြိမ်ကျသွားတဲ့သဘော” လို့ ပြောပါတယ်။

တိုက်ပွဲအပြီးမှာတော့ Student Army Force -‌ ကျောင်းသားလက်ရုံးတပ်တော်ဘက်က ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ပစ်ခတ်မှုဖြစ်ခဲ့တဲ့ နေရာတွေမှာ သွေးအိုင်တွေနဲ့ ဆွဲခေါ်သွားတဲ့ပုံစံတွေ၊ စစ်အသုံးအဆောင်တွေကို တွေ့မြင်ခဲ့ရတယ်လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းထိုးနေလို့ ဖန်ခါးကျင်းကျေးရွာအနီးက အရပ်သားပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး ဖန်ခါးကျင်းကျေးရွာဟာ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် န.မ.ခနဲ့ မလှမ်းမကမ်းမှာရှိနေတဲ့ ကျေးရွာဖြစ်ပါတယ်။

တိုက်ခိုက်မှုကို ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ Anonymous hero's အဖွဲ့နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းကလည်း မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ စစ်သားအင်အား အယောက် ၃၀ လောက်နဲ့ စစ်ကြောင်းထိုးလာတာကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ စစ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ အောင်ဆန်းမျိုးဆက်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013