DVB Logo
Home
မြန်မာသတင်း
ထန်တလန်ကို ပြန်သိမ်းပိုက်နိုင်ဆိုသည့်  စစ်ကောင်စီကြေညာချက်  မဟုတ်မှန်ဟု CNF ငြင်း
DVB
·
October 31, 2023
ထန်တလန်ကို ပြန်သိမ်းပိုက်နိုင်ဆိုသည့်  စစ်ကောင်စီကြေညာချက်  မဟုတ်မှန်ဟု CNF ငြင်း
Donate to DVB

ချင်းအမျိုးသားတပ်ဦး(CNF)နဲ့ ချင်းကာကွယ်ရေးတပ် (CDF) တို့ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ချင်းပြည်နယ်က ထန်တလန်မြို့ကို အောက်တိုဘာ ၂၉ ရက်မှာ စစ်တပ်က  ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့  ဒီကနေ့ ထုတ် စစ်ကောင်စီ သတင်းစာတွေမှာ ရေးသားဖော်ပြပါတယ်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက စလို့ မြို့စောင့်တပ်နဲ့ ရဲဌာနတွေကို တိုက်ခိုက်ပြီး မြို့ကို CNF နဲ့ CDF သိမ်းပိုက်ပြီးချိန် ဩဂုတ်လက စလို့ အကြမ်းဖက်ချေမှုန်းရေးခေါင်းစဉ်နဲ့ စစ်ဆင်ရေးအဆင့် ၅ ဆင့်ကို ဆောင်ရွက်ခဲ့ရာမှာ ၃ လအကြာမှာတော့ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကြေညာချက်က ဆိုပါတယ်။

ထိုသို့ ဆင်နွဲရာမှာ နှစ်ဖက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်တပ်တွေ သေဆုံးထိခိုက်မှု အခြေအနေကိုတော့ ဖော်ပြထားတာမျိုး မတွေ့ရပါဘူး။

ဩဂုတ်လကစလို့  ပထမအဆင့်အနေနဲ့ ဟားခါးမြို့မှ ၄ မိုင်အကွာ သီးကူးချောင်းတံတားအထိကို လည်းကောင်း၊ ဒုတိယအဆင့်အနေနဲ့ အဲဒီကနေ ထန်တလန်မြို့အဝင်ထိလည်းကောင်း၊ တတိယ အဆင့်အနေနဲ့ ထန်တလန်ဆေးရုံနဲ့ CB ဘဏ်နေရာအထိကို လည်းကောင်း၊ စတုတ္ထနဲ့နောက်ဆုံး အဆင့်အနေနဲ့ ဆေးရုံကုန်းနဲ့ အခြေခံပညာအထက်တန်းကျောင်းနေရာတို့ကိုလည်းကောင်း အဆင့်ဆင့် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ထန်တလန်မြို့ ပြန်လည်ထိန်းချုပ်နိုင်ပြီဆိုတဲ့ စစ်ကောင်စီရဲ့ ကြေညာချက်ဟာ မဟုတ်မမှန် လိမ်လည်တဲ့ ပြောဆိုချက်ဖြစ်တယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF) က မင်းတပ်ပို့စ်ကနေ ပြောပါတယ်။

ထန်ထလန်မှာ လတ်တလော ဘာတိုက်ပွဲမှ မရှိသလို နှစ်ဘက်လုံး တပ်စွဲထားတယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောခွင့်ရ ဆလိုင်းထက်နီက ခေါနုသုန်သတင်းဌာနကို ပြောဆို ထားပါတယ်။

သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာ ၂၉ ရက်မှာတော့ ထန်တလန်မြို့ကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီး လတ်တလောမှာတော့ ထိခိုက်ပျက်စီးခဲ့တာတွေကို ရှင်းလင်းရေးနဲ့ ပြုပြင်ရေး၊ ပြန်လည်ထူထောင်ရေးတွေ လုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013