DVB Logo
Home
နိုင်ငံတကာ
အမေရိကန် မင်းသားကြီး မက်သရူးပယ်ရီ ရေနွေးစိမ်ကန်တွင်း ထူးဆန်းစွာ ကွယ်လွန်
DVB
·
October 31, 2023
အမေရိကန် မင်းသားကြီး မက်သရူးပယ်ရီ ရေနွေးစိမ်ကန်တွင်း ထူးဆန်းစွာ ကွယ်လွန်
Donate to DVB

အမေရိကန် နာမည်ကြီး Sitcom ရုပ်သံစီးရီးစ်ဖြစ်တဲ့ Friends ထဲမှာ Chandler Bing ဇာတ်ကောင်နေရာက ပါဝင်သရုပ်ဆောင်ရင်းပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တဲ့ မင်းသားကြီး မက်သရူးပယ်ရီဟာ အောက်တိုဘာ ၂၈ ရက်မှာ လော့စ်အိန်ဂျလိစ်မြို့က သူ့ရဲ့ နေအိမ်ရေနွေးစိမ် ကန်ထဲမှာ ထူးဆန်းစွာပဲ သေဆုံးသွားခဲ့ပါတယ်။

အသက် ၅၄ နှစ်အရွယ် ရှိပြီဖြစ်တဲ့ မင်းသားကြီးဟာ ရေနစ်သေဆုံးသွားတာ ဖြစ်နိုင်ပြီး အခင်းဖြစ်ပွားရာနေရာမှာ မူးယစ်ဆေးဝါးသုံးစွဲထားတာမျိုး၊ တကိုယ်ရေအာသာဖြေခဲ့ တာမျိုးတွေစတဲ့ အထောက်အထားတွေ မတွေ့ရှိခဲ့ရဘူးလို့ လော့စ်အိန်ဂျလိစ်ရဲဌာနက ပြောထားခဲ့ကာ သူသေဆုံးရတဲ့ အကြောင်းရင်းကို စုံစမ်းရှာဖွေနေကြပါတယ်။

မက်သရူးပယ်ရီဟာ ၁၉၇၉ ခုနှစ်ကတည်းက အမေရိကန် ABC ရုပ်သံလိုင်းမှာ ထုတ် လွှင့်ပြသခဲ့တဲ့ 240-Robert ဒရာမာ ရုပ်သံစီးရီးစ်မှာ ဖခင်ဖြစ်တဲ့ သရုပ်ဆောင် ဂျွန် ဘဲန်နက်ထ် ပယ်ရီနဲ့အတူ စတင်ပါဝင်သရုပ်ဆောင်ခဲ့တာပါ။

သူ့ကို ကမ္ဘာတလွှားက ပရိသတ်တွေ မှတ်မှတ်ရရ ရှိသွားစေမယ့် Friends Sitcom ရုပ်သံစီးရီးစ်ထဲမှာတော့ မက်သရူးပယ်ရီဟာ နာမည်ကျော် သရုပ်ဆောင်တွေဖြစ်ကြတဲ့ ဂျနီဖာ အနစ္စတန်၊ ကော့တ်နေ ကောက်စ်၊ မက်ထ်လေဘလော့ခ်တို့နဲ့အတူတွဲဖက် ပါဝင်ခဲ့တာ ဖြစ်ပြီးတော့ ဒီစီးရီးစ်ကို နာမည်ကျော် NBC ရုပ်သံလိုင်းမှာ ၁၉၉၄ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အထိ အချိန်ဆယ်နှစ်ကြာ Season ၁၀ ခုအထိ ထုတ်လွှင့်ပြသခဲ့ရတာပါ။

ဒါ့အပြင် သူဟာ တခြားသော ထင်ရှားတဲ့  Studio 60 on the Sunset Strip ရုပ်သံ စီးရီးစ်အပါအဝင် ရုပ်ရှင်တွေဖြစ်တဲ့ Fools Rush In ၊ Almost Heroes ၊ The Whole Nine Yards ၊ The Whole Ten Yards ၊ The Ron Clark Story နဲ့ 17 Again စတဲ့ ရုပ်ရှင်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလတုန်းကတော့ Friends, Lovers, and the Big Terrible Thing အမည်နဲ့ အမှတ်တရ စာအုပ်ရေးသားထုတ်ဝေခဲ့ပြီး အမေဇုံနဲ့ နာမည် ကျော် နယူးယော့ခ်တိုင်းမ်တို့မှာ အရောင်းရဆုံးစာရင်းဝင်ခဲ့တာပါ။

လတ်တလောမှာတော့ သူ့ရဲ့ နာရေးသတင်းအပေါ် ဟောလိဝုဒ်အနုပညာ အသိုင်းအဝိုင်း ကရော ပရိသတ်တွေကပါ ဝမ်းနည်းစိတ်မကောင်း ဖြစ်ကြရကြောင်း အင်တာနက်လူမှု ကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေးသားမျှဝေနေကြပါတယ်။

Source/Photo-Reuters 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013