DVB Logo
Home
အားကစား
အမျိုးသမီးကစားသမားကို အနမ်းပေးသည့် စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ၃ နှစ် ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရ
DVB
·
October 31, 2023
အမျိုးသမီးကစားသမားကို အနမ်းပေးသည့် စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ၃ နှစ် ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရ
Donate to DVB

အမျိုးသမီးကစားသမားကို အနမ်းပေးခဲ့မှုနဲ့   စပိန် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌကို ဖီဖာက သုံးနှစ်ပွဲပယ်ပြစ်ဒဏ် မှတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၀ ရက်က ကစားခဲ့တဲ့ အမျိုးသမီးကမ္ဘာ့ဖလားဗိုလ်လုပွဲစဉ်မှာ စပိန်အသင်းက အင်္ဂလန်ကို အနိုင်ရပြီး ကမ္ဘာ့ချန်ပီယံဆုရယူနိုင်ခဲ့ပါတယ်။

ဆုပေးပွဲမှာ စပိန်ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌရူဘီယာလက်စ်က စပိန်ကစားသမားတွေကို ဆုချီးမြှင့်ရာမှာ ကွင်းလယ်ကစားသမား ဟာမိုဆိုရဲ့ နှုတ်ခမ်းကို အနမ်းပေးခဲ့တာပါ။

အဲဒီဖြစ်ရပ်အပြီးမှာ စပိန်ဥက္ကဋ္ဌရဲ့ အနမ်းပေးမူဟာ သူ့ရဲ့သဘောဆန္ဒမဟုတ်ခဲ့ကြောင်း ဟာမိုဆိုက တုံ့ပြန်ခဲ့ပါတယ်။

အဲဒီနောက်ရူဘီယာလက်စ်အပေါ် ဝိုင်းဝန်းကန့်ကွက်ရူတ်ချခဲ့ပြီး စပိန်ဥက္ကဋ္ဌရာထူးအပြင် ဥရောပဘောလုံးအဖွဲ့ချုပ်ဒုဥက္ကဋ္ဌ ရာထူး ကနေလည်း နုတ်ထွက်ခဲ့ရပါတယ်။

လက်ရှိအချိန်မှာတော့ ဖီဖာကပါအရေးယူဖို့ ဆုံးဖြတ်ခဲ့ပြီး စောင့်ထိန်းရမယ့် ဖီဖာရဲ့စည်းမျဉ်း အပိုဒ် ၁၃ ကို ချိုးဖောက်ခဲ့တာဖြစ်လို့ ဘောလုံးလောကနဲ့ သုံးနှစ် ပွဲပယ်ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်ပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013