DVB Logo
Home
အားကစား
နည်းပြအဲရစ်တန်ဟတ်ဂ်ကို မန်ယူဘုတ်အဖွဲ့က အပြည့်အဝထောက်ခံ
DVB
·
October 31, 2023
နည်းပြအဲရစ်တန်ဟတ်ဂ်ကို မန်ယူဘုတ်အဖွဲ့က အပြည့်အဝထောက်ခံ
Donate to DVB

မန်ယူအသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေဟာ နည်းပြအဲရစ်တန်ဟတ်ဂ်ကို အပြည့်အဝဆက်လက်ထောက် ခံနေဆဲဖြစ်တယ်လို့ သိရပါတယ်။

မန်ယူအသင်းဟာ မန်ချက်စတာဒါဘီမှာ မန်စီးတီးကို ၃ဂိုး ဂိုးမရှိနဲ့ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ၁၉၈၆ ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ် ၁၀ ပွဲ အပြီးမှာ ၅ ပွဲရှုံးနိမ့်ခဲ့တဲ့ မှတ်တမ်း ရရှိထားပါတယ်။

ပရိသတ်တွေရဲ့ဝေဖန်မှုတွေလည်းရှိနေပေမဲ့ ယူနိုက်တက်ဘုတ်အဖွဲ့ဝင်တွေဘက်ကတော့ နည်းပြ တန်ဟတ်ဂ်ကို အပြည့်အဝ ထောက်ခံအားပေးနေဆဲဖြစ်ပြီး အပြောင်းအလဲပြုလုပ်ဖို့အစီအစဉ် မရှိဘူးလို့သိရပါတယ်။

အသင်းရဲ့အမှုဆောင်အရာရှိချုပ်ဖြစ်သူ ရစ်ချက်အာနိုးလ်ဟာလည်း ယူနိုက်တက်အသင်းဟာ ကောင်းမွန်တဲ့ တိုးတက်မှုတွေရှိလာဖို့ လုပ်ဆောင်နေတယ်လို့ ယုံကြည်ထားကြောင်း  သတင်းတွေမှာ ဖော်ပြကြပါတယ်။

မန်ယူပရိသတ်တွေကတော့ ရစ်ချက်အာနိုးလ်ဟာ အသင်းရဲ့ပွဲစဉ်တွေကို ကြည့်ပြီးမှပြောတာ ဟုတ်ရဲ့လားဆိုပြီး ဝေဖန်နေကြပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013