DVB Logo
Home
အားကစား
မက်ဒီဆန်နှင့် ဗန်ဒီဘန်တို့ကိုခေါ်ယူခဲ့သည့် စပါးအသင်းကို အာဆင်ဝင်းဂါးချီးကျူး
DVB
·
October 30, 2023
မက်ဒီဆန်နှင့် ဗန်ဒီဘန်တို့ကိုခေါ်ယူခဲ့သည့် စပါးအသင်းကို အာဆင်ဝင်းဂါးချီးကျူး
Donate to DVB

ကွင်းလယ်ကစားသမား မက်ဒီဆန်နဲ့ နောက်ခံလူ ဗန်ဒီဘန်တို့ကို ခေါ်ယူခဲ့တဲ့စပါးအသင်းအပေါ် နည်းပြဟောင်းအာဆင်ဝင်းဂါးက ချီးကျူးသွားပါတယ်။

စပါးအသင်းဟာ အင်္ဂလန်ကွင်းလယ်လူ မက်ဒီဆန်ကို လက်စတာအသင်းကနေခေါ်ခဲ့ပြီး ဝုဗ်ဘက်အသင်းက ဟော်လန်နောက်ခံလူ ဗန်ဒီဘန်ကိုလည်း ခေါ်ယူခဲ့တာပါ။

သူတို့နှစ်ဦးဟာ စပါးအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်တနေရာကို ရယူနိုင်ခဲ့ကြပြီး အမှတ်ပေးဇယား အဆင့်တစ်နေရာကို တက်လှမ်းနိုင်ခဲ့ရာမှာ အဓိကနေရာကနေ ခြေစွမ်းပြခဲ့ကြတာပါ။

အာဆင်နယ်နည်းပြဟောင်း အာဆင်ဝင်းဂါးကတော့ အရည်အသွေးရှိတဲ့ ကစားသမားနှစ်ဦး ကိုခေါ်ယူခဲ့တဲ့ စပါးအသင်းကို ချီးကျူးခဲ့ပြီး ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ့်အသင်း ဖြစ်ကြောင်း ပြောပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အသင်းဟောင်းအာဆင်နယ်အပါအဝင် မန်စီးတီး၊ လီဗာပူးနဲ့ စပါး အသင်းလေးသင်းက ပြိုင်ယှဉ်ပြိုင်သွားရမှာဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013