
နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်အကြို လေ့ကျင့်ပြင်ဆင်မှုဟာ နည်းပြဘဝမှာ အခက်ခဲဆုံးဖြစ် ကြောင်း လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ပြောသွားပါတယ်။
လီဗာပူးအသင်းဟာ နော်တင်ဟမ်နဲ့ပွဲ မတိုင်ခင်မှာ တောင်ပံတိုက်စစ်မှူးဖြစ်သူ လူးဝစ်ဒီယက်ဇ်ကို လူစာရင်းကနေ ထုတ်ပယ်ခဲ့ရပါတယ်။
မွေးရပ်မြေကိုလံဘီယာမှာ မိဘနှစ်ပါးကို ပြန်ပေးဆွဲခံခဲ့ရတာကြောင့် ပွဲချိန်နီးမှ ဒီယက်ဇ်ကို လူစာရင်း ကနေ ချန်လှပ်ခဲ့ရတာပါ။
နောင်တင်ဟမ်နဲ့ပွဲစဉ်က ဒီယက်ဇ်ရဲ့မိဘတွေပြန်ပေးဆွဲခံရတာထက်ပိုပြီး ကြီးသွားမှာကို မလိုလားခဲ့ကြောင်း၊ အဲဒီအခြေအနေတွေကို ကြိုတင်ပြင်ဆင်ထားခြင်းမရှိတာကြောင့် နည်းပြဘဝမှာ အခက်ခဲဆုံးဖြစ်ကြောင်း ကလော့ပ်ကပြောပါတယ်။
လီဗာပူးအသင်းသားတွေအနေနဲ့ ဒီယက်ဇ်အတွက် ထိရောက်တဲ့အကူအညီပေးနိုင်ပေမဲ့ နိုင်ပွဲ ယူဆောင်ပေးနိုင်ခဲ့ကြောင်း ကလော့ပ်က ပြောပါတယ်။
ပြန်ပေးဆွဲခံရမှုမှာ ဒီယက်ဇ်ရဲ့မိခင်ဖြစ်သူက လုံခြုံစိတ်ချရတဲ့အခြေအနေရှိပေမဲ့ ဖခင် ဖြစ်သူတော့ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
Photo-Reuters











