DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက တိုင်း၀န်ကြီးချုပ်နှင့်အမတ် များကို ထောင်ဝင်စာ တွေ့ဆုံခွင့်မပေး
DVB
·
October 29, 2023
စစ်ကောင်စီက တိုင်း၀န်ကြီးချုပ်နှင့်အမတ် များကို ထောင်ဝင်စာ တွေ့ဆုံခွင့်မပေး
Donate to DVB

စစ်ကောင်စီက ဖမ်းဆီးထောင်ချထားတဲ့ တိုင်း၀န်ကြီးချုပ်တွေ၊ အမတ်တွေကို ထောင်၀င်စာတွေ့ဆုံခွင့်မပေးဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၀င်၊ နိုင်ငံရေးအကျဥ်းသားဟောင်းတယောက်ဆီက သိရပါတယ်။

"မကွေးတိုင်း၀န်ကြီးချုပ်၊ ဒေါက်တာအောင်မိုးညိုလည်း တွေ့ခွင့်မရခဲ့ဘူး၊ တထောင်တည်းနေတဲ့ သူ့တူနဲ့ သူ့ယောက်ဖကတော့ တွေ့ခွင့်ရခဲ့တယ်" လို့ ယခင်မကွေးတိုင်းအစိုးရအဖွဲ့ဝင် တယောက်က ပြောပါတယ်။

နိုင်ငံရေးအမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေတယောက်က "ကရင်ပြည်နယ်တောင်ကလေးထောင်မှာ နှစ် ၈၀ ချခံထားရတဲ့ ကရင်ပြည်နယ်၀န်ကြီးချုပ်လည်း တွေ့ဆုံခွင့်မရဘူး၊ ထောင်ကိုမေးကြည့်တော့ အနှစ် ၂၀ နဲ့ အထက်ချထားရသူတွေကို ပေးမတွေ့ဘူးဆိုပြီး ကန့်သတ်ထားလို့ဆိုပြီး ထောင်ကဖြေတယ်တဲ့။ ဒေါက်တာမြင့်နိုင်ကတော့ သူ့မိသားစုက သွားတွေ့ဖို့ကို ရက်မပြည့်သေးလို့ နောက်ဆုံးတခေါက် ပါဆယ်သွားပို့ရက်ကနေ တလပြည့်မှ နောက်တကြိမ်တွေ့ရမှာဆိုတော့ သူ့ကိုလည်း တွေ့ခွင့်ပေးမပေးမ သေချာသေးဘူး။ မိသားစုဝင်တွေကတော့ နို၀င်ဘာလဆန်းလောက်ကို သွားတွေ့ဖို့တော့ စီစဥ်ထားတယ်" လို့ ပြောပါတယ်။

DVB က စုံစမ်းချက်အရ တွေ့ခွင့်မရတဲ့သူတွေမှာ ပဲခူးတိုင်းက သရက်ထောင်ရောက်နေတဲ့ ၀န်ကြီးချုပ် ဦး၀င်းသိန်း၊ ပေါင်းတည်ထောင်မှာရှိတဲ့ လ၀က ၀န်ကြီး ထွန်းထွန်းဦး၊ သာယာ၀တီထောင်မှာရှိတဲ့ တိုင်း NLD ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်၊ ဦးသိန်းတန်၊ ကရင်ပြည်နယ်၀န်ကြီးချုပ် နန်ခင်ထွေးမြင့်၊ ဒေါက်တာအောင်မိုးညိုတို့ တွေ့ဆုံခွင့်မရခဲ့ကြပါဘူးလို့ သိရပါတယ်။

တွေ့ခွင့်ရခဲ့တဲ့သူတွေကတော့ ဆေးရုံတက်နေတဲ့ ရခိုင်ပြည်နယ်၀န်ကြီးချုပ် ဦးညီပု၊ သာယာ၀တိထောင်ထဲမှာ ရှိနေတဲ့ ရခိုင်ပြည်နယ်၀န်ကြီးချုပ် ဦးညီပုရဲ့သမီး မိုးမိုးစုကြည်၊ သမ္မတကြီး ဦး၀င်းမြင့်၊ ဆေးရုံတက်နေရတဲ့၊ မန္တလေးတိုင်း၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တို့ဖြစ်ကြပြီး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအ၀င် NLD ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တခြား တိုင်း၀န်ကြီးတွေ၊ ပြည်ထောင်စု၀န်ကြီးတွေရဲ့ အခြေအနေကိုလည်း ဆက်လက် စုံစမ်းနေပါတယ်။

အခုလို တထောင်နဲ့တထောင် အခြေအနေမတူတာ၊ တချို့ကို တွေ့ခွင့်ပေးပြီး တချို့ကို တွေ့ခွင့်မပေးသူတဲ့အပေါ် အကျဉ်းဦးစီးဌာန ကရင်ပြည်နယ်ဦးစီးမှူးရုံးကို DVB က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013