DVB Logo
Home
မြန်မာသတင်း
လားရှိုး၊ နောင်ချိုနှင့် မိုးကုတ်တွင် တိုက်ပွဲများဆက်ဖြစ်နေ
DVB
·
October 29, 2023
လားရှိုး၊ နောင်ချိုနှင့် မိုးကုတ်တွင် တိုက်ပွဲများဆက်ဖြစ်နေ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေကို တော်လှန်တိုက်ခိုက်နေတဲ့ စစ်ဆင်ရေး ၁၀၂၇ အဖြစ် အောက်တိုဘာ ၂၉ ရက် ဒီနေ့မနက်မှာလည်း လားရှိုး၊ နောင်ချိုနဲ့ မိုးကုတ်မြို့တို့မှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး မနေ့ကအထိတော့ စစ်ကောင်စီစခန်း ၄၀ ကျော်ကို သိမ်းပိုက်ထားနိုင်ပြီလို့ သိရပါတယ်။

တအာင်းပလောင်၊ ကိုးကန့်နဲ့ ရခိုင် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့အပြင် မန္တလေး PDF၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်(BPLA) တို့လည်းပူးပေါင်းပါဝင် တိုက်ခိုက် နေတာဖြစ်ပြီး ဒီနေ့ စစ်ဆင်ရေး တတိယနေ့မှာ လားရှိုူးမြို့ အရှေ့ဘက်က စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်တယ်လို့ ကိုးကန့်တပ်ဖွဲ့က (MNDAA) ဘက်က သိရပြီး မနေ့ညကလည်း လားရှိုးမြို့ဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်နေခဲ့တာပါ။

တအာင်းပလောင်တပ်ဖွဲ့ကလည်း ဒီနေ့ တိုက်ပွဲတွေအကြောင်းကို သီးခြား ထုတ်ပြန်ထားပြီး သူတို့နဲ့ မန္တလေး PDF တို့ဟာ နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာမှာ ရောက်ရှိတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို မနက် ၄ နာရီလောက်မှာ သွားရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အလောင်း ၆ လောင်း၊ လက်နက် ၇ လက်၊ ၆၀ မမ  မော်တာ ၁ လုံး၊ တခြားလက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးတော့ မိုးကုတ်မြို့နယ်၊ အထက်ညောင်ကုန်းကျေးရွာဘက်မှာလည်း မနက် ၅ နာရီ လောက်က ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ခဲ့သေးပြီး စစ်ရေး တင်းမာနေတာကြောင့် ပြည်သူတွေ မသွားလာကြဖို့ အသိပေးထားပါတယ်။

သိန္နီမြို့မှာလည်း စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရတယ်လို့ သိရပြီး ဒီအကြောင်းကိုတော့ မဟာမိတ်တပ်တွေဘက်က ထုတ်ပြန်လာတာမရှိသေးပါဘူး

မနေ့က တိုက်ပွဲတွေအကြောင်းကိုတော့ စစ်ဆင်ရေး ၁၀၂၇ ကနေထုတ်ပြန်ထားပြီး ၂၄ နာရီအတွင်းမှာ စစ်ကောင်စီစခန်း ၄၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၂၈ ရက် မနက်ပိုင်းက တအာင်းပြည်နယ်၊ တပ်မဟာ ၂ စစ်ဒေသ၊ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီ လက်အောက်ခံ တပ်မ ၉၉၊ ခမရ ၄၁၉ နဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ ၈၈ တို့ တပ်စွဲထားတဲ့ နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာနတ်စင်ကုန်းစခန်းအား စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မနက် ၉ နာရီလောက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နေ့လယ်ပိုင်းမှာလည်း ကိုးကန့်- အထူးဒေသ ၁၊ မုံးကိုးခရိုင်၊ မုံးကိုးဒေသ၊ ဖောင်းဆိုင် ကျေးရွာအုပ်စု၊ မန်ပင်မှာရှိတဲ့ စစ်စခန်းနဲ့ ရန်တော်ရှမ်းအိုင်လက စစ်စခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကလည်း တိုက်ပွဲမရှိတဲ့ နမ္မတူမြို့နယ်၊ ရွာသစ်ပါင်ဆာကျေးရွာကို ၃ ကြိမ်ဗုံးလာကြဲလို့ အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၁ ယောက် ဒဏ်ရာရပြီး အိမ် ၅ လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013