
အခုနှစ်ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို စပါးအသင်း စိန်ခေါ်နိုင်မှာမဟုတ်ကြောင်း အင်္ဂလန်နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ပြောသွားပါတယ်။
စပါးအသင်းဟာ အခုနှစ် ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ အပြီးမှာ ရှုံးပွဲမရှိသေးဘဲ ၈ ပွဲနိုင် ၂ ပွဲသရေ ရလဒ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားတာပါ။
စပါးအသင်းရဲ့ခြေစွမ်းဟာ အများက မျှော်လင့်မထားသလိုဖြစ်လာပြီး လတ်တလောအခြေအနေ အရတော့ စပါးပရိသတ်တွေအတွက် လုံးဝပျော်ရွှင်စရာကောင်းတဲ့အခြေအနေဖြစ်ကြောင်း နဗီးလ်က ပြောပါတယ်။
ဒါပေမဲ့ တချိန်မှာတော့ ခြေစွမ်းပြန်လည်ကျဆင်းသွားမှာဖြစ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်မှာမဟုတ်ကြောင်း စကိုင်းစပေါ့ရဲ့သုံးသပ်ချက်အစီအစဉ်မှာ နဗီးလ်ကပြောပါတယ်။
စပါး အသင်းရဲ့လူစာရင်းဟာ ချန်ပီယံဆုကိုစိန်ခေါ်နိုင်ဖို့ လုံလောက်မှုမရှိသေးကြောင်း၊ မန်စီးတီးနဲ့ အာဆင်နယ်အသင်းတွေရဲ့အခြေအနေတွေကိုလည်း စောင့်ကြည့်ရမှာဖြစ်ကြောင်း နဗီးလ်က သုံးသပ် သွား ပါတယ်။
Photo-Reuters










