
လက်ရှိ နယူးကာဆယ်အသင်းမှာ ကစားနေတဲ့ အီတလီကွင်းလယ်လူ တိုနယ်လီဟာ လောင်းကစားစည်းမျဉ်း ချိုးဖောက်ခဲ့မှုနဲ့ ၁၀ လ ပွဲပယ်ပြစ်ဒဏ်မှတ်ခံခဲ့ရပါတယ်။
အဲဒီပြစ်ဒဏ်ထဲမှာ ၈ လတိတိကို လောင်းကစား စည်းမျဉ်းချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ကုထုံးတွေကို လေ့လာသွားရမှာပါ။
တိုနယ်လီဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက ရှေ့နေတွေငှားရမ်းပြီး ချေပခဲ့ပေမဲ့ ပြစ်မှု ထင်ရှားခဲ့တာကြောင့် ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရတာပါ။
ဒီပွဲပယ်ပြစ်ဒဏ်ကြောင့် တိုနယ်လီဟာ ရာသီပြီးဆုံးတဲ့အထိ ပွဲပယ်ခံရမှာဖြစ်လို့ နယူးကာဆယ်အသင်းအတွက် ဆက်လက်ကစားပေးနိုင်တော့မှာမဟုတ်ပါဘူး။
တိုနယ်လီရဲ့ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရတဲ့အပေါ် ဖီဖာနဲ့ အီတလီဘောလုံးအဖွဲ့ချုပ်တွေကလည်း က အတည်ပြုခဲ့ကြပါတယ်။
Photo - Reuters










