DVB Logo
Home
နိုင်ငံတကာ
တရုတ်ရာဇဝတ်ဂိုဏ်းသား ၇ ဦးကို သြစတြေးလျရဲတပ်ဖွဲ့က ဖမ်းဆီး
DVB
·
October 26, 2023
တရုတ်ရာဇဝတ်ဂိုဏ်းသား ၇ ဦးကို သြစတြေးလျရဲတပ်ဖွဲ့က ဖမ်းဆီး
Donate to DVB

သြစတြေးလျရဲတပ်ဖွဲ့ဟာ တရုတ်ရာဇဝတ်ဂိုဏ်းတခုရဲ့ အဖွဲ့ဝင် ၇ ဦးကို ဖမ်းဆီးလိုက်ပြီး နောက်တနေ့မှာပဲ အဲဒီဂိုဏ်းဟာ နိုင်ငံရဲ့ အကြီးဆုံး ငွေလွှဲကုမ္ပဏီတွေထဲက တခုဆီကနေ ဩစတြေးလျဒေါ်လာ ၂၂၉ သန်းကို ခဝါချခဲ့တယ်လို့ အောက်တိုဘာ ၂၆ ရက်မှာ ပြောကြားလိုက်ပါတယ်။

ရဲတပ်ဖွဲ့ဟာ အောက်တိုဘာ ၂၅ ရက်က ဩစတြေးလျနိုင်ငံတဝန်းမှာ ရှာဖွေဝရမ်းပေါင်း ၂၀ ထုတ်ခဲ့ပြီး အဲဒီရာဇဝတ်ဂိုဏ်းသား ၇ ယောက်ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ကျွမ်းကျင်သူတွေရာနဲ့ချီပါဝင်တဲ့ စစ်ဆင်ရေးအဖွဲ့ထဲမှာ တရုတ်နိုင်ငံသား ၄ ဦးအပြင် အမေရိကန်ရဲ့ တရားဥပဒေစိုးမိုးရေးအဖွဲ့ဝင်တွေလည်း  ပူးပေါင်းဖမ်းဆီးရေးထဲမှာ  ပါဝင်ခဲ့ပါတယ်။

တရုတ် Long River ရာဇဝတ်ဂိုဏ်းဟာ တနိုင်ငံလုံးမှာ ဒါဇင်နဲ့ချီတဲ့ ဆိုင်တွေ ဖွင့်ထားတဲ့ ချန်းကျန်း ငွေကြေးလဲလှယ်မှု ကုမ္ပဏီကနေတဆင့် ၂၀၂၀ ကနေ ၂၀၂၃ ခုနှစ်အကြား ဩစတြေးလျဒေါ်လာ ၂၂၉ သန်းကို ခဝါချခဲ့ကြောင်း ရဲတပ်ဖွဲ့က စွပ်စွဲထားပါတယ်။

ချန်းကျန်း ငွေကြေးလဲလှယ်မှုလုပ်ငန်းဟာ ဩစတြေးလျနိုင်ငံရဲ့ အကြီးဆုံး အမှီအခိုကင်းကင်း ပိုင်ဆိုင်တဲ့ ငွေလွှဲကုမ္ပဏီ ဖြစ်ပါတယ်။

ရရှိတဲ့ ဝင်ငွေ အကျိုးအမြတ်တွေကို အလွန်အကျွံ လူနေမှုပုံစံတွေဖြစ်တဲ့ စျေးကြီးတဲ့ စားသောက်ဆိုင်တွေ၊ ကိုယ်ပိုင်ဂျက်လေယာဉ်တွေနဲ့ ဇိမ်ခံအိမ်တွေမှာ သုံးစွဲထားပြီး အဲဒီထဲက ဇိမ်ခံအိမ်တလုံးဟာ ဩစတြေးလျဒေါ်လာ ၁၀ သန်းကျော် တန်ဖိုးရှိတယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့ဟာ ပိုင်ဆိုင်မှုထဲက ဒေါ်လာ သန်း ၅၀ ကျော်ကို သီးသန့်ခွဲထားကြောင်း သိရပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013