DVB Logo
Home
မြန်မာသတင်း
လိုင်လွမ့်အောင်ဂျာ စခန်းသိမ်းတိုက်ပွဲက စစ်​ကောင်စီအိပ်မက်ကို ရိုက်ချိုးပစ်နိုင်သည့် ​အောင်ပွဲဟု ဦးရည်မွန် ပြော
DVB
·
October 26, 2023
လိုင်လွမ့်အောင်ဂျာ စခန်းသိမ်းတိုက်ပွဲက စစ်​ကောင်စီအိပ်မက်ကို ရိုက်ချိုးပစ်နိုင်သည့် ​အောင်ပွဲဟု ဦးရည်မွန် ပြော
Donate to DVB

ကချင်ပြည်နယ်၊ မြစ်ကြီးနား–ဗန်းမော်လမ်းမပေါ်မှာရှိတဲ့ လိုင်လွမ့်အောင်ဂျာ စခန်းသိမ်းတိုက်ပွဲက တော်လှန်​ရေးအဖွဲ့အစည်း​တွေရဲ့ ဌာနချုပ်​တွေကို ခြိမ်း​ခြောက်လိုတဲ့ စစ်​ကောင်စီရဲ့ အိပ်မက်ကို ရိုက်ချိုးပစ်နိုင်တဲ့ ​အောင်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

“​အောင်ဂျာ​အောင်ပွဲက အ​ရေးကြီးပါတယ်။ PDF တပ်မ​တော် ပါဝင်ပြီး KIA ဦး​ဆောင်တဲ့ မဟာမိတ်များရဲ့ အားနဲ့ ရယူခဲ့တဲ့ ​အောင်ပွဲဖြစ်တယ်။ (ဒီစခန်းသိမ်း​အောင်ပွဲမှာ AA CNF ABSDF  KNA-BURMA KPDF နဲ့ PDF ရဲ​ဘော်များ ပူး​ပေါင်းပါဝင်တယ်။) ​တော်လှန်​ရေးအဖွဲ့အစည်း​တွေရဲ့ ဌာနချုပ်​တွေကို ခြိမ်း​ခြောက်လိုတဲ့ စစ်​ကောင်စီရဲ့ အိပ်မက်ကို ရိုက်ချိုးပစ်နိုင်တဲ့ ​အောင်ပွဲလည်း ဖြစ်တယ်။ ​တော်လှန်​ရေးထုအင်အားနဲ့ ဆင်နွှဲတဲ့ မဟာဗျူဟာထိုးစစ်ရဲ့ ကနဦး​ခြေလှမ်းလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ ရန်သူ့အင်အား ရာ​ကျော် ​ချေ မှုန်းနိုင်ခဲ့တယ်။”

စစ်ကောင်စီတပ်သား ၁၀၀ ကျော် အထိုင်ချထားတဲ့ လိုင်လွမ့်အောင်ဂျာ စစ်ကောင်စီ တပ်စခန်းကို ကချင်လွတ် မြောက်ရေးတပ်မတော် (KIA) နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး အောက်တိုဘာ ၂၀ ရက်မှာ အပြီး သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။

ဒီအောင်ပွဲနဲ့ ပတ်သက်ပြီးတော့ KIA က ပါဝင်တိုက်ခိုက်ခဲ့ကြတဲ့ တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ  ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မြောက်ပိုင်း) (ABSDF-NB)၊ ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ ကူကီးအမျိုးသားတပ်မတော် (မြန်မာပြည်) (KNA-Burma) စတဲ့တပ်ဖွဲ့တွေ ဆီ အောက်တိုဘာ ၂၂ ရက်မှာ ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း စာတစောင် ရေးသားပေးပို့ခဲ့တာကို တွေ့ရပါတယ်။

ဂုဏ်ပြုမှတ်တမ်းစာထဲမှာတော့ ခုလိုခုခံစစ်ဆင် တိုက်ပွဲစဉ်တွေအတွင်း ကေအိုင်အေ တပ်မဟာ တပ်ရင်းတပ်ဖွဲ့ဝင်တွေ၊ K-PDF တွေနဲ့ အတူတကွ လက်တွဲပြီးတော့ မိမိအသက်ကို ပဓာနမထားပဲ စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်ခဲ့ကြတဲ့ မဟာမိတ်တပ်ဖွဲ့ဝင် တွေ အသီးသီးနဲ့ တာဝန်ရှိ တပ်မှူးတွေအားလုံးကို KIA စစ်ရုံးချုပ်က အထူးကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းတင် အသိအမှတ်ပြုကြောင်းနဲ့ အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး တိုက်ပွဲမှာ အတူတကွ လက်တွဲပြီး ဆက်လက် တိုက်ပွဲဝင်သွားကြဖို့လည်း တိုက်တွန်း ထားပါတယ်။

ဒါ့အပြင် KIA အနေနဲ့ အောင်ဂျာ တပ်စခန်းအပါအဝင် ရွှေကူမြို့နယ် ငဘတ်ကြီးရွာက စစ်ကောင်စီတပ်စခန်း ၂ ခုနဲ့ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးကိုးဒေသက ဝိန်းလားတောင် စစ်ကောင်စီတပ်စခန်းတွေကို ရက်ပိုင်းတွေ အတွင်းမှာပဲ ဆက်တိုက် ဆိုသလို သိမ်းပိုက်ခဲ့တာကို တွေ့ရပြီး စခန်းတွေဟာ စစ်ကောင်စီတပ်ရဲ့ အရေးပါတဲ့ တပ်စခန်းတွေ ဖြစ်ကာ အဲ့ဒီထဲမှာ အောင်ဂျာတပ်စခန်းကတော့ စစ်ကောင်စီတပ်အတွက် အကြီးမားဆုံး ဆုံးရှုံးမှုတခုလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013