DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ ကျင်းပသည့် သီတင်းကျွတ်ပျော်ပွဲရွှင်ပွဲများ၌ မပါဝင်ကြရန် တိုက်တွန်း
DVB
·
October 25, 2023
စစ်ကောင်စီ ကျင်းပသည့် သီတင်းကျွတ်ပျော်ပွဲရွှင်ပွဲများ၌ မပါဝင်ကြရန် တိုက်တွန်း
Donate to DVB

စစ်ကောင်စီက သီတင်းကျွတ်ပျော်ပွဲရွှင်ပွဲတွေကို ငွေကြေးအကုန်အကျခံပြီး ကျင်းပဖို့ စီစဉ်နေတာက လူထုကိုအာရုံလွှဲနေတာဖြစ်တဲ့အတွက် ပျော်ပွဲရွှင်ပွဲတွေမှာ မပါဝင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းလိုက်ပါတယ်။

လာမယ့်သီတင်းကျွတ်ပွဲတော်အတွက် စစ်ကောင်စီက တနိုင်ငံလုံး နေရာအနှံ့မှာ ငွေကြေးအမြောက်အမြားအကုန်ကျခံပြီး ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်ကျင်းပဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ရန်ကုန်၊ နေပြည်တော်၊ တောင်ကြီး၊ ထားဝယ်စတဲ့ မြို့ကြီးတွေမှာ သီတင်းကျွတ်ပွဲတော်ကို ဂီတဖျော်ဖြေပွဲတွေ ဈေးရောင်းပွဲတွေထည့်သွင်းပြီး စည်ကားသိုက်မြိုက်အောင် စီစဉ်နေ တာဖြစ်ပါတယ်။

အခုလို တိုင်းပြည်မှာ စစ်ဘေးဒဏ်သင့်နေပြီး လူထုတွေသေကျေပျက်စီးနေရချိန်မှာ အခုလို ပွဲတော်တွေစီစဉ်တာက တိုင်းပြည်က အေးချမ်းနေပြီး လူထုက ပျော်ရွှင်နေတယ်ဆိုတာကို ပြသဖို့နဲ့ မြို့ပြက လူထုကို အာရုံလွှဲဖို့ ကြိုးစားနေတယ်လို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ဥက္ကဋ္ဌက ပြောပါတယ်၊

“ကျနော်တို့ မြန်မာလူမျိုးတွေက အပျော်အပါးကို ကြိုက်ကြတယ်။ ဒါ့ကြောင့်လည်း အကြမ်းဖက်စစ်တပ်က သီတင်းကျွတ်ပွဲတော် အမည်ခံပြီးတော့ ပြည်သူတွေကို အာရုံလွှဲဖို့ကြိုးစားတာဖြစ်ပါတယ်။ အာဏာသိမ်း အကြမ်းဖက်စစ်တပ်က တိုင်းပြည်ကို သူတို့အနေနဲ့ အုပ်ချုပ်လို့ရနေပါပြီ၊ တိုင်းပြည်ကြီးက ငြိမ်းချမ်းပြီးတော့ ပြည်သူတွေက ပျော်ရွှင်နေပါပြီ ဆိုတာကို နိုင်ငံတကာကိုပြချင်တယ်။ သူတို့ တရားဝင်မှု သူတို့ကို အသိအမှတ်ပြုမှုကို သူတို့အနေနဲ့ လိုချင်တယ်။ နောက်တဆင့်ကကျတော့ တော်လှန်ရေးအင်အားစုတွေကို အကြမ်းဖက်တွေအဖြစ် ပုံဖော်ချင်တယ်။ ဒါကိုလည်း ပြည်သူတွေအနေနဲ့ ရှင်းရှင်းလင်းလင်း သိစေချင်ပါတယ်။ ကျနော်တို့ တိုင်းပြည်ကြီးက စစ်ဘေးသင့်ပြီးတော့ အရမ်းဆိုးဝါးတဲ့ အခြေအနေတစ်ခုကို စစ်တပ်က ဖန်တီးထားပါတယ်။ ခပ်ရိုင်းရိုင်းပြောရရင် ချေးတောထဲက လောက်တွေ မဖြစ်သင့်ပါဘူး။ ဒါကိုတော့ ရှင်းရှင်းလင်းလင်း သိစေချင်ပါတယ်။”

စစ်ကောင်စီက တိုင်းပြည်ဘဏ္ဍာတွေကို အကျိုးမရှိတဲ့နေရာတွေမှာ သုံးနေတာဖြစ်ပြီး လူထုကို သွေးခွဲဖို့ ကြိုးစားတာဖြစ်တယ်လို့ ပြည်သူတွေကြားမှာလည်း အမြင်တွေ ရှိကြပါတယ်။

ကိုဗစ်ကပ်ဘေးကာကတည်းက ပွဲတော်တွေ အခမ်းအနားတွေ ကျင်းပခွင့် ပိတ်ပင်ခံထားတာဖြစ်လို့ အများပြည်သူတွေက ပွဲတော်တွေ မျှော်လင့်နေတာကို အသုံးချပြီး ဆွဲဆောင်နေတာဖြစ်လို့ မသွားကြဖို့ကို တော်လှန်ရေးအဖွဲ့တွေနဲ့  ပြည်သူတွေက တိုက်တွန်းနေကြပါတယ်။

“သူတို့ကတော့ ပုံမှန်အတိုင်းဖြစ်နေတယ်။ မြန်မာပြည်ကြီး အေးချမ်းနေတယ်။ လူတွေ သွားလာပျော်ပါးနေတာကို ပြချင်တာပေါ့လေ။ အဲတာကြောင့် မန္တလေးမှာလည်း ပန်းချီပြပွဲတွေ အကြီးအကျယ်လုပ်။ အင်းလေးမှာလည်း ဘုရားပွဲလုပ်။ တောင်ကြီးမှာလည်း တန်ဆောင်တိုင်လုပ်။ ရန်ကုန်မှာလည်း စတိတ်ရှိုးတွေ ဘုရားပွဲတွေလုပ်။ အဲတာတွေ လုပ်ပြီးတော့ သူတို့က နိုင်ငံတကာကိုလည်း ပြချင်တယ်။ နောက် သူ့လူတွေကိုလည်း သူတို့ ထိန်းနိုင်တယ်ဆိုတာ ပြချင်တဲ့သဘောပဲလေ။ ပိုက်ဆံရှိရှိ မရှိရှိ ထွက်ချင်ကြမှာပဲ ဒီကလူတွေက အပျော်အပါးက မက်ကြတယ် ဒီအကွက်တွေကို စကစကသိနေတာ လုပ်ကြမှာပဲ။”

လာမယ့် အောက်တိုဘာ ၂၇ ရက်ကနေ ၃၀ ရက်အထိ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ထဲမှာ သီတင်းကျွတ်တော်ပွဲတော်ကို ဆိုင်ခန်းပေါင်း ၅၀၀ နဲ့ E-sport ဂိမ်းပြိုင်ပွဲတွေ၊ DJ နဲ့  Dancer တွေရဲ့ဖျော်ဖြေမှုတွေနဲ့အပြင် ဆပ်ကပ်၊ မျက်လှည့်တွေပါ ထည့်သွင်းထားတယ်လို့ စစ်ကောင်စီ လက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။

နေပြည်တော်ရေ ပန်းဥယျာဉ်မှာတော့  ဂီတဖျော်ဖြေပွဲတွေနဲ့  Night Market ကိုလည်း ပြုလုပ်သွားမယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013