DVB Logo
Home
မြန်မာသတင်း
ကော့ကရိတ်တွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဖွဲ့ဝင် ၆ ဦးသေ၊ ၈ ဦး ဒဏ်ရာရ
DVB
·
October 24, 2023
ကော့ကရိတ်တွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဖွဲ့ဝင် ၆ ဦးသေ၊ ၈ ဦး ဒဏ်ရာရ
Donate to DVB

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဆင်ကုန်းကျေးရွာနဲ့ တတန်ကူးကျေးရွာကြားမှာ အောက်တိုဘာ ၂၄ ရက် မနက် ၅ နာရီလောက်ကစတင်ပြီး စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်ကာ စစ်ကောင်စီတပ်ဘက်က ၆ ဦးသေပြီး ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့  KNLA တပ်မှူး စောကျော်သက်က ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က အင်အား ၁၀၀ လောက်က KNLA ပူးပေါင်းတပ်ဖွဲ့တွေ လုံခြုံ‌ရေး ရယူထားတဲ့ နေရာကို ဝင်ရောက်ပြီး စစ်ကြောင်းထိုး လှုပ်ရှားလာတာကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်ပြီး အထိနာတာကြောင့် လေကြောင်းကနေ ပစ်ကူပေး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

KNLA တပ်မှူး စောကျော်သက်က “စစ်ကောင်စီဘက်က ၆ ယောက်သေပြီး ၈ ယောက် ဒဏ်ရာရတယ်လို့ သိထားတယ်။ တပ်ရင်းမှူးအဆင့် ကျတယ်လို့တော့ ကြားတယ်။ တိတိကျကျပြောနိုင်ဖို့ မြေပြင်မှာ စုံစမ်းနေတုန်းပဲ။ လက်ရှိအခြေအနေမှာ စစ်ကောင်စီဘက်က ပြန်မဆုတ်သေးဘူး၊ ရင်ဆိုင်ထားတုန်းပဲ” လို့ ပြောပါတယ်။

ကျားဖြူစစ်ကြောင်း လုံခြုံရေးတပ်ခွဲ တာဝန်ရှိသူက “သူတို့က နယ်မြေပြန်လည်စိုးမိုးနိုင်ဖို့ ဝင်ရောက်လာတာ။ သူတို့က နေရာပြန်လည်ရယူဖို့လုပ်တာ။ တိုက်ပွဲဖြစ်တာကတော့ ကြာတယ်။ နေ့လယ် ၂ နာရီလောက်မှ ပြန်ငြိမ်သွားတယ်။ သူတို့ အထိနာပုံရတယ်။ ကျနော်တို့ကြားတာတော့ တပ်ရင်းမှူးအဆင့် ကျတယ်လို့ ကြားတယ်။ ဒါကြောင့် Mi35 နဲ့ လာပစ်တဲ့အဆင့် ရောက်သွားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူ များပြားခဲ့တာကြောင့် မနက် ၈ နာရီခွဲလောက်မှာ စစ်ကောင်စီက လေကြောင်းကနေ Mi35 နဲ့ ၂ ကြိမ် ပျံသန်းပစ်ခတ်ခဲ့ပြီး မြေပြင် ထိခိုက်သေဆုံးမှုကိုတော့ အတိအကျ မပြောနိုင်သေးပေမဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဘက်က ရဲဘော် ၁ ဦး ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုအပြင် စကခ ၁၂ လက်အောက်ခံ ၃၁၃ အ‌ေမြာက်တပ်၊ ခလရ ၉၇ တပ်ရင်းနဲ့ တပ်စခန်းတွေကနေ လက်နက်ကြီးတွေ ပစ်ခတ်နေတာကြောင့် အနီးအနား‌ကျေးရွာက ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013