DVB Logo
Home
မြန်မာသတင်း
TNLA နှင့်တိုက်ပွဲဖြစ်ပြီး  စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု များပြား 
DVB
·
October 22, 2023
TNLA နှင့်တိုက်ပွဲဖြစ်ပြီး  စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု များပြား 
Donate to DVB

ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်နဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ်မှာ PSLF/TNLAနဲ့ စစ်ကောင်စီတပ်တွေ အောက်တိုဘာ ၂၁ ရက်က တိုက်ပွဲနှစ်နေရာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့ကာ  လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့  TNLA ဘက်က ပြောပါတယ်။

TNLA တပ်ဖွဲ့ရဲ့ တပ်မဟာ ၁ စစ်ဒေသဖြစ်တဲ့ နမ့်ခမ်းမြို့နယ် ပန်ဟန်ကြီးကျေးရွာဘက်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီရဲ့ စကခ ၇ ခမရ ၄၂၇ နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ဖြစ်ပြီး စစ်ကောင်စီတပ်သား ရုပ်အလောင်းတွေနဲ့ လက်နက်တွေကို TNLAက သိမ်းဆည်းရမိခဲ့ပါတယ်။

ဒါ့အပြင် တအာင်းတပ်မတော် တပ်မဟာ(၂)စစ်ဒေသဖြစ်တဲ့ မိုးကုတ်မြို့နယ်ဘက်မှာလည်း စစ်ကောင်စီတပ် တပ်မ(၄၄) ခလရ - ၁၀၂/၁၀၄၊ လပခ/ခလရ -၈၈ တို့နဲ့  အထက်ညောင်ကုန်းရွာအနီးမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အရာရှိအပါအဝင် ထိခိုက်ကျဆုံးမှုများတယ်လို့  TNLA ဘက်က ဆိုပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်ကလည်း အထက်ညောင်ကုန်းရွာဘက်ကို လက်နက်ကြီးတွေနဲ့ ၃၆ ကြိမ်ပစ်ခတ်ခဲ့သလို  မူဆယ်မြို့နယ် တီမားရွာနဲ့ လွယ်မောက်တောင်ဘက်ကိုလည်း နမ့်ဖက်ကာတပ်ဘက်ကနေ လက်နက်ကြီးနဲ့ ၅ ကြိမ်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA ဘက်ကပြောပါတယ်။

အောက်တိုဘာ ၂၁ ရက် ညနေ ၄ နာရီဝန်းကျင်မှာ တံတားဦးလေတပ်စခန်းကနေ ဂျက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အထက်ညောင်ကုန်းကျေးရွာက ဒေသခံနေအိမ်  ၁၀ လုံးထက်မနည်း မီးလောင်ပျက်ဆီးသွားခဲ့ပါတယ်။

အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့အကြား တိုက်ပွဲ ၁၅ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက် သေဆုံးမှု စာရင်းကိုတော့ နှစ်ဖက်စလုံးက ထုတ်ပြန်ပြောဆိုခြင်းမရှိပါဘူး။ 

NB TNLA and Army

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013