DVB Logo
Home
အားကစား
ကမ္ဘာ့ချန်ပီယံဆုရှင် အင်္ဂလန်နှင့် မန်ယူဂန္ထဝင်ကစားသမားကြီး ဘော်ဘီချာတန် ကွယ်လွန်
DVB
·
October 22, 2023
ကမ္ဘာ့ချန်ပီယံဆုရှင် အင်္ဂလန်နှင့် မန်ယူဂန္ထဝင်ကစားသမားကြီး ဘော်ဘီချာတန် ကွယ်လွန်
Donate to DVB

အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ မန်ယူနိုက်တက် ဂန္ထဝင်ကစားသမားကြီး ဆာဘော်ဘီချာတန်ဟာ  အောက်တိုဘာ ၂၁ ရက်က ကွယ်လွန်သွားပါတယ်။

မန်ယူအသင်းအတွက် ၇၅၈ ပွဲအထိ ကစားခဲ့ပြီး အင်္ဂလန်အတွက်  ၁၀၆ ပွဲကစားခဲ့သူပါ။ ၁၉၆၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းကို ကမ္ဘာ့ ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့သူဖြစ်ပါတယ်။

သူဟာ ဦးနှောက်ထိခိုက်မှုကြောင့် ဆေးကုသမှု ခံယူနေရသူဖြစ်ပြီး မိသားစုဝင်တွေရဲ့ ရှေ့မှောက်မှာ ငြိမ်းချမ်းစွာနဲ့ ကွယ်လွန်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ဘော်ဘီချာတန် ကွယ်လွန်သွားတာကြောင့် ၁၉၆၆ ခုနှစ် ကမ္ဘာ့ချန်ပီယံအသင်းသားတွေထဲက ဆာဂျော့ဟတ်စ် တစ်ဦးသာ သက်ရှိထင်ရှားကျန်ရှိတော့တာ ဖြစ်ပါတယ်။

ဆာဘော်ဘီချာတန် ကွယ်လွန်သွားခဲ့တဲ့အပေါ် စကားလုံးနဲ့ ဖော်ပြလို့မရတဲ့ ဆုံးရှုံးမှုဖြစ်ကြောင်း မန်ယူအသင်းက ဝမ်းနည်းကြောင်းထုတ်ပြန်ပါတယ်။

ဒ့ါအပြင် ဒေးဗစ်ဘက်ခမ်းအပါအဝင် နာမည်ကြီး ကစားသမားတွေနဲ့ နည်းပြတွေကလည်း ဆာဘော်ဘီချာတန်ကွယ်လွန်သွားတဲ့အပေါ် ဝမ်းနည်းကြောင်း ထုတ်ဖော်ပြသခဲ့ကြပါတယ်။

Photo-Reuters  

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013