
အသင်းတိုက်စစ်မှူးဟာလန်းဟာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ဘလွန်းဒီအောဆုရရှိသင့်ကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက မှတ်ချက်ပေးသွားပါတယ်။
နော်ဝေတိုက်စစ်မှူးဟာ မနှစ်ကရာသီမှာ ပြိုင်ပွဲစုံ ၅၃ ပွဲကစားခဲ့ပြီး ၅၂ ဂိုး သွင်းယူခဲ့သလို အသင်းကိုလည်း အဓိက ဆုဖလားသုံးလုံးရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာပါ။
ဟာလန်းဟာ ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ချီးမြှင့်မယ့် ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးဆုကို မက်ဆီနဲ့ အပြိုင် ဖြစ်နေပေမဲ့ မက်ဆီသာ ရရှိမှာဖြစ်ကြောင်း သတင်းတွေ ကြိုတင်ပေါက်ကြားလာခဲ့တာပါ။
မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ အဓိကဆုဖလားသုံးလုံးရယူနိုင်ခဲ့တဲ့အပြင် သွင်းဂိုး ၅၀ ကျော်သွင်းယူနိုင်ခဲ့တာကြောင့် ဟာလန်းရရှိသင့်ကြောင်းပြောပါတယ်။
ဒါ့အပြင် မက်ဆီဟာလည်း ဘလွန်းဒီအောဆုနဲ့ ထိုက်တန်ပြီး မက်ဆီအတွက် အဆိုးဆုံး ဘောလုံးရာသီဖြစ်ခဲ့မှသာ တခြားသူတွေအတွက် အကောင်းဆုံးဆုရ ရှိနိုင်တာဖြစ်ကြောင်း ဂွါဒီယိုလာက အရွှန်းဖောက်ပြီး ပြောသွားပါတယ်။
Photo-Reuters










