
လောင်းကစားစည်းမျဉ်းချိုးဖောက်မှုနဲ့ စစ်ဆေးခံနေရသူ တိုနယ်လီကို အင်္ဂလန်အက်ဖ်အေက ပွဲကစားခွင့်ပိတ်ပင်သွားဖို့ မရှိဘူးလို့ သိရပါတယ်။
အီတလီကွင်းလယ်လူ တိုနယ်လီဟာ လက်ရွေးစင် အသင်းဖော် ဇာနီအိုလို၊ ဖာဂျော်လီတို့နဲ့အတူ စုံစမ်းစစ်ဆေးခံနေရတာဖြစ်ပြီး လက်ရွေးစင်အသင်း လူစာရင်းကနေလည်း ချန်လှပ်ခံခဲ့ရသူပါ။
နယူးကာဆယ်အသင်းဘက်ကလည်း တိုနယ်လီဟာ လောင်းကစားစည်းမျဉ်းတွေ ချိုးဖောက်မှုနဲ့ စုံစမ်းစစ်ဆေးခံနေရတာ မှန်ကန်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေကြောင်း၊ စစ်ဆေးမှုရလဒ်တွေ ထွက်မပေါ်သေးခင်မှာ နောက်ထပ် မှတ်ချက်ပေးမှာ မဟုတ်ကြောင်း ထုတ်ပြန်ပါတယ်။
နယူးကာဆယ်အသင်းဟာ အခုတစ်ပတ် ပရီးမီးယားလိဂ်မှာ ခရစ္စတယ်ပဲလေ့နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပြီး တိုနယ်လီကို ပွဲကစားခွင့်ပိတ်ပင်မှာ မဟုတ်ဘဲ ပါဝင်ကစားခွင့်ပြုသွားမှာ ဖြစ်ပါတယ်။
တိုနယ်လီဟာ အေစီမီလန်မှာ ကစားစဉ်က လောင်းကစားစည်းမျဉ်းတချို့ ချိုးဖောက်ခဲ့တာ ဖြစ်ပါတယ်။
Photo-Reuters










