DVB Logo
Home
နိုင်ငံတကာ
အမေရိကန်သမ္မတ တက်ရောက်မည့် ထိပ်သီးအစည်းအဝေးကို ဂျော်ဒန်ဘုရင် ဖျက်သိမ်း
DVB
·
October 18, 2023
အမေရိကန်သမ္မတ တက်ရောက်မည့် ထိပ်သီးအစည်းအဝေးကို ဂျော်ဒန်ဘုရင် ဖျက်သိမ်း
Donate to DVB

ဂါဇာကမ်းမြောင်ဆေးရုံ တိုက်ခိုက်ခံရမှုအတွင်း ပါလက်စတိုင်း ရာနဲ့ချီ သေဆုံးခဲ့ရပြီးနောက် အမ်မန် ထိပ်သီးအစည်းအဝေးလည်း ပျက်ပြားသွားတာကြောင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ အခြေအနေ လုံးဝပြောင်းပြန်ဖြစ်သွားတဲ့ အရှေ့အလယ်ပိုင်း ခရီးစဉ်အတွက် အောက်တိုဘာ ၁၇ ရက်က အစ္စရေးကို ထွက်ခွာခဲ့ပါတယ်။

ဂါဇာကအလ်အလီ အာရဘ်ဆေးရုံ ဗုံးကြဲတိုက်ခိုက်ခံရမှုအပြီးမှာ ပါလက်စတိုင်းသမ္မတ မာမွဒ် အာဘာ့စ်ဟာ ဘိုင်ဒင်နဲ့တွေ့ဆုံဖို့ စီစဉ်ထားတဲ့ အစီအစဉ်ကို အမြန်ဖျက်သိမ်းခဲ့ပါတယ်။

အဲဒီနောက် အမေရိကန်သမ္မတ ဘိုင်ဒင်နဲ့အတူ အီဂျစ်နဲ့ ပါလက်စတိုင်း ခေါင်းဆောင်တွေလည်း တက်ရောက်လာမယ်လို့ ယူဆရတဲ့ ထိပ်သီးအစည်းအဝေးကို ဂျော်ဒန်ဘုရင် အဗ္ဗဒူလာက ဖျက်သိမ်းခဲ့ပါတယ်။

တရက်တာခရီးစဉ်အတွင်း တဲလ်အဗစ်နဲ့ ဂျော်ဒန်တို့ကို သွားမယ်လို့ ယူဆရတဲ့ သမ္မတ ဘိုင်ဒင်ဟာ အခုခါ အစ္စရေးနိုင်ငံကိုပဲ သွားရောက်တော့မှာဖြစ်ကြောင်း အိမ်ဖြူတော်က ကြေညာပါတယ်။

လူ ၅၀၀ လောက် သေဆုံးခဲ့ရတဲ့ ဂါဇာဆေးရုံ ဗုံးကြဲခံရမှုဟာ အစ္စရေးစစ်တပ်မှာ တာဝန်ရှိတယ်လို့ ဂါဇာအာဏာပိုင်တွေက ပြောကြားထားပြီး အစ္စရေး အာဏာပိုင်တွေကတော့ အဲဒီတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်မှု မရှိကြောင်း ငြင်းဆိုထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013