DVB Logo
Home
မြန်မာသတင်း
တပ်ကုန်းမြို့နယ် ကင်းသာ ၂ ရဲဘက်စခန်းမှ အကျဥ်းသား ၇ ဦး ထွက်ပြေး လွတ်မြောက်
DVB
·
October 18, 2023
တပ်ကုန်းမြို့နယ် ကင်းသာ ၂ ရဲဘက်စခန်းမှ အကျဥ်းသား ၇ ဦး ထွက်ပြေး လွတ်မြောက်
Donate to DVB

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ကင်းသာကျေးရွာမှာရှိ ကင်းသာ ၂ ရဲဘက်စခန်းကနေ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ အကျဥ်းသား ၇ ဦး အောက်တိုဘာ ၁၇ ရက်  ညနေ ၃ နာရီက ထွက်ပြေးသွားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ကင်းသာ ၂ ရဲဘက်စခန်းမှာ ထောင်ပိုင်တွေနဲ့ နားလည်မှု ယူထားတဲ့ မူးယစ်ဆေးဝါးမှု၊ လူသတ်မှု၊ မုဒိမ်းမှုတွေနဲ့ ထောင်ဒဏ်နှစ်ရှည် ချမှတ်ထားတဲ့ အကျဥ်းသား ၇ ဦးမှာ မနေ့ ညနေက ထွက်ပြေးသွားတာဖြစ်ပါတယ်။

အုပ်ချုပ် ရေးနဲ့နီးစပ်သူတဦးက "အပြင်ဘုတ်ကနေ ထွက်ပြေးမှာပေါ့။ သတင်းကိုဖုံးဖိပြီး လိုက်ရှာနေတယ်။ ထောင်မှူးတွေ၊  ထောင်ပိုင်တွေက ပိုက်ဆံရနေတော့ လွှတ်ပေးထားတာ ထွက်ပြေးမှ ဟိုလူလွှဲချ၊ ဒီလူ့လွှဲချ လုပ်နေတာ"လို့ ပြောပါတယ်။

ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသားတွေကတော့  နိုင်လင်း၊ သန်းထိုက်အောင်(ခ)အောင်ကြီး၊ ရဲမင်းဦး၊ နေထက်အောင်(ခ)နေထက်လင်း၊  ဇာလီ (ခ) အောင်ဆန်းဦး၊ ကျော်ကျော်သက်၊  အောင်နိုင်စိုးတို့ဖြစ်ပြီး ပြစ်ဒဏ်တွေ ကျခံဖို့ ကျန်သေးတယ်လို့ အကျဥ်းဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

"ထွက်ပြေးသွားတာဟုတ်ပါတယ်။ ပြန်မမိသေးဘူး။ ဘယ်လိုထွက်ပြေးသွားလဲဆိုတာ မသိရသေးဘူး။ ရဲဘက်က ဝန်ထမ်းတွေကို စစ်ဆေးနေတုန်။”

တပ်ကုန်းမြို့နယ် ကင်းသားကျေးရွာမှာ ကင်းသာ ၁ နဲ့ ကင်းသာ ၂ ကုန်ထုတ်စခန်းနှစ်ခုရှိပြီး အကျဥ်းသား ရာချီထိန်းသိမ်းထားတဲ့ စခန်းလည်းဖြစ်ပါတယ်။

လတ်တလောမှာ တပ်ကုန်းတပ်နယ်၊ တပ်ကုန်းမြို့မရဲစခန်းနဲ့ ကင်းသား ၂ ရဲဘက်စခန်းက ဝန်ထမ်းတွေပူးပေါင်းပြီး ရှာဖွေနေပေမဲ့  လွတ်မြောက်သွားသူအကျဥ်းသား ၇ ဦးကို ပြန်မမိသေးဘူးလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ထားဝယ်ထောင်၊ တောင်ငူထောင်၊ ရမည်းသင်းထောင်က အကျဥ်းသားတွေထွက်ပြေးတာအပြင် ကျောင်းကုန်းမြို့မရဲစခန်းနဲ့ ဒလမြို့မရဲစခန်းမှ အချုပ်သားတွေလည်းထွက်ပြေးခဲ့တာ  ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013