DVB Logo
Home
မြန်မာသတင်း
မြန်မာလက်ရွေးစင်အသင်း မကာအိုကို ဂိုးမရှိသရေကစားပြီး နောက်တဆင့်တက်
DVB
·
October 17, 2023
မြန်မာလက်ရွေးစင်အသင်း မကာအိုကို ဂိုးမရှိသရေကစားပြီး နောက်တဆင့်တက်
Donate to DVB

၂၀၂၆ ကမ္ဘာ့ဖလား(အာရှဇုန်) ပထမအဆင့် ဒုတိယ‌အကျော့ပွဲစဉ်ကို အောက်တိုဘာ ၁၇ ရက်နေ့က မကာအိုနိုင်ငံမှာ မြန်မာလက်ရွေးစင်အသင်းနဲ့ မကာအိုလက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဂိုးမရှိသရေကြခဲ့ပါတယ်။

မြန်မာလက်ရွေးစင်အသင်းဟာ ပထမအကျော့က မကာအိုကို သုဝဏ္ဏကွင်းမှာ ၅ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်နိုင်ထားတာကြောင့် နှစ်ကျော့ပေါင်းရလဒ်နဲ့ ဒုတိယအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

မြန်မာအသင်းအနေဟာ ကမ္ဘာ့ဖလား (အာရှဇုန်) ဒုတိယအဆင့်မှာ အာရှအင်အားကြီးအသင်းတွေဖြစ်တဲ့ ဂျပန်၊ မြောက်ကိုရီးယား၊ ဆီးရီးယားတို့ ပါဝင်တဲ့ အုပ်စု ခ မှာ ‌ကျရောက်နေပါတယ်။

မြန်မာလက်ရွေးစင်အသင်းဟာ အဖွင့်ပွဲစဉ်ဖြစ်တဲ့ ဂျပန်အသင်းနဲ့ပွဲကို နိုဝင်ဘာ ၁၅ ရက်နေ့ ဂျပန်နိုင်ငံမှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး မြောက်ကိုရီးယား နဲ့ ဒုတိယမြောက်ပွဲစဉ်ကို နိုဝင်ဘာ ၂၀ ရက်နေ့ မသုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013