
လာမယ့် ၂၀၂၈ လော့စ်အိန်ဂျယ်လိစ်မှာ ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲမှာ ခရစ်ကတ် အပါအဝင် အားကစားနည်း ၅ မျိုး ထည့်သွင်းယှဉ်ပြိုင်ဖို့ အောက်တိုဘာ ၁၆ ရက်မှာ နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) က အတည်ပြုလိုက်ပါတယ်။
Lacrosse, squash နဲ့ baseball-softball အားကစားနည်းတွေကိုလည်း အမေရိကန် အားကစားအဖွဲ့ကတင်သွင်းခဲ့ပြီး ကော်မတီဆီက အတည်ပြုချက်ကို မွန်ဘိုင်းမှာ ပြုလုပ်တဲ့ အစည်းအဝေးက ရရှိခဲ့ပါတယ်။
အိုလံပစ်ကော်မတီရဲ့ စည်းမျဉ်းအရ အားကစားပြိုင်ပွဲကျင်းပမယ့် နိုင်ငံတိုင်းဟာ သူတို့ထပ်မံ ယှဉ်ပြိုင်ချင်တဲ့ အားကစားနည်းတွေကို တင်သွင်း တောင်းဆိုခွင့် ရှိပါတယ်။
အခု ခွင့်ပြုလိုက်တဲ့ အားကစားနည်း ၅ မျိုးဟာ ပြီးခဲ့တဲ့အပတ်က အိုင်အိုစီရဲ့ အလုပ်အမှုဆောင် အစည်းအဝေးမှာ လက်ခံခဲ့ပြီးနောက် အခု တနင်္လာနေ့ အစည်းအဝေးမှာ အတည်ပြုချက် ရရှိ ခဲ့တာပါ။
အိန္ဒိယနိုင်ငံမှာ ရေပန်းစားတဲ့ ခရစ်ကတ်အားကစားနည်းဟာ ၁၉၉၀ အိုလံပစ်ပြိုင်ပွဲမှာ ထည့်သွင်း ကျင်းပခဲ့ပြီးနောက် အခုနောက်ထပ် တကြိမ် ထပ်မံ ယှဉ်ပြိုင်လာတာလည်း ဖြစ်ပါတယ်။
Photo-Reuters










