DVB Logo
Home
အားကစား
ပါကစ္စတန် ခရစ်ကတ်အသင်းသားများကို အိန္ဒိယက  ဗီဇာထုတ်ပေးရန် နှောင့်နှေးခဲ့
DVB
·
September 29, 2023
ပါကစ္စတန် ခရစ်ကတ်အသင်းသားများကို အိန္ဒိယက  ဗီဇာထုတ်ပေးရန် နှောင့်နှေးခဲ့
Donate to DVB

ပါကစ္စတန် ခရစ်ကတ်အသင်းသားတွေဟာ လာမယ့် ICC ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ အိန္ဒိယနိုင်ငံ ဟိုင်ဒရာဘတ်မြို့ကို စက်တင်ဘာ ၂၇ ရက်ကရောက်ရှိလာခဲ့ပါတယ်။

သူတို့ကို ဗီဇာထုတ်ပေးဖို့ နှောင့်နှေးကြန့်ကြာခဲ့တာကြောင့် အစ္စလာမ်မာဘတ်က ကန့်ကွက်ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပြီးနောက် လတ်တလောကမှ ဒီအဖွဲ့ကို ဗီဇာထုတ်ပေးခဲ့တာပါ။

ဘာဘာအာဇံမ် ဦးဆောင်တဲ့အသင်းဟာ လုံခြုံရေးအကြောင်းပြချက်ကြောင့် ဟိုက်ဒရာဘတ်မှာ တံခါးပိတ်ကစားရမယ့် စက်တင်ဘာ ၂၉ ရက် လက်ရည်စမ်းပွဲမှာ နယူးဇီလန်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

ပါကစ္စတန်အသင်းဟာ လာမယ့် အောက်တိုဘာ ၃ ရက်မှာ သြစတြေးလျအသင်းနဲ့ နောက်ထပ် လက်ရည်စမ်းပွဲ ကစားမှာဖြစ်ပြီး နောက် ၃ ရက်အကြာမှာ အကြိမ် ၅၀ မြောက် ကမ္ဘာ့ဖလား ဒုတိယမြောက် ချန်ပီယံဆုအတွက် နယ်သာလန်နဲ့ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

ကာလရှည် ပြိုင်ဖက် ၂ သင်းဖြစ်တဲ့ အိန္ဒိယနဲ့ ပါကစ္စတန်တို့ရဲ့ စိတ်လှုပ်ရှားဖွယ် ထိပ်တိုက်ယှဉ်ပြိုင်မှုကို  အောက်တိုဘာ ၁၄ ရက်မှာ အာမက်ဒဘားဒ်မြို့မှာ စီစဉ်ထားပါတယ်။

ပါကစ္စတန် ခရစ်ကက်အသင်းဟာ ၂၀၁၆ ခုနှစ်က ICC T20 ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် နယူးဒေလီကို နောက်ဆုံးသွားရောက်ခဲ့ပြီး နောက်ပိုင်း ၇ နှစ်အကြာမှာ အိန္ဒိယကို တရားဝင် ရောက်ရှိလာတာဖြစ်ပါတယ်။ 

အိန္ဒိယအသင်းဟာ သြဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၁၇ ရက်အထိ ကစားခဲ့တဲ့ အာရှဖလားပြိုင်ပွဲအတွက် ပါကစ္စတန်နိုင်ငံကို သွားရောက်ဖို့ ငြင်းဆိုခဲ့ပြီး အဲဒီအစား သီရိလင်္ကာနိုင်ငံမှာ သူတို့ရဲ့ပွဲစဉ်တွေကို ကစားခဲ့ပါတယ်။ 

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013