
အီတလီလက်ရွေးစင် ဘောလုံးကစားသမားသုံးဦးဟာ လောင်းကစားစည်းမျဉ်းချိုးဖောက်မှုတွေနဲ့ စုံစမ်းစစ်ဆေးခံနေရပါတယ်။
နယူးကာဆယ်ကွင်းလယ်လူ တိုနယ်လီအပါအဝင် အက်စတန်ဗီလာက ဇာနီအိုလို၊ ဂျူဗင်တပ်က နီကိုလိုဖာဂျော့လီတို့ဟာ ကစာသမားတွေ စောင့်ထိန်းရမယ့် လောင်းကစားစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ကြောင်း တူရင်တရားရုံးက စွပ်စွဲထားတာပါ။
ဒီသတင်းတွေကြောင့် ဇာနီအိုလိုနဲ့ တိုနယ်လီတို့ဟာ အီတလီအသင်းလူစာရင်းကနေ နုတ်ထွက်ခွင့်ပေးခဲ့ ပါတယ်။
ဂျူဗင်တပ်ကွင်းလယ်ကစားသမား ဖာဂျော့လီဟာ ပြစ်ဒဏ်လျှော့ပေါ့ဖို့အတွက် တရားရုံးမှာ ဝန်ခံထွက်ဆိုဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
အလားတူ တိုနယ်လီဟာလည်း ပြစ်ဒဏ်လျှော့ပေါ့ဖို့ တရားရုံးမှာ ဝန်ခံထွက်ဆိုသွားဖို့ရှိနေပါတယ်။ သက်ဆိုင်ရာ ကလပ်တွေဘက်ကတော့ စုံစမ်းစစ်ဆေးခံရနေစဉ်မှာ အရေးယူမှု တစုံတရာ မလုပ်ဆောင်ဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။
Photo-Reuters










