
ပိုလန်နိုင်ငံရဲ့ မြို့တော် ဝါဆောမြို့လယ် ပျူစုစကီရင်ပြင်မှာ အောက်တိုဘာ ၁၄ ရက် က ဗုံးနဲ့ခြိမ်းခြောက်မှုဖြစ်ခဲ့လို့ ရဲတွေက ပိတ်ဆို့ထားတယ်လို့ ရိုက်တာ သတင်းဌာနရဲ့ မျက်မြင်သက်သေတစ်ဦးက ပြောပါတယ်။
အမျိုးသားတယောက်က ရင်ပြင်မှာရှိတဲ့ အထိမ်းအမှတ် အဆောက်အအုံတစ်ခုပေါ်သို့ တက်ခဲ့ပြီး သူ့ကိုယ်သူဗုံးခွဲမယ်လို့ ပြောဆို ခြိမ်းခြောက်ခဲ့ကြောင်း ပိုလန်မီဒီယာတခုမှာ ဖော်ပြပါတယ်။
“ဝင်ပေါက်မရှိဘူး၊ ဗုံးရှိတယ်” အခင်းဖြစ်ပွားရာ နေရာက ရဲအရာရှိတစ်ဦးက ရိုက်တာသတင်းထောက်ကို ပြောပါတယ်။ ဒီဖြစ်စဉ်ကြောင့် လူတွေထိခိုက်ဒဏ်ရရတဲ့ သတင်းတွေကတော့ မကြားသိရပါဘူး။
ပိုလန်နိုင်ငံမှာ လွှတ်တော်ရွေးကောက်ပွဲတွေကို အောက်တိုဘာ ၁၅ ရက်မှာ ကျင်းပဖို့ ရှိနေချိန်မှာ အခုလိုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
Source/Photo-Reuters











