DVB Logo
Home
အားကစား
နည်းပြအမ်မရီကြောင့် ဘောလုံးအမြင်ပြောင်းလဲခဲ့ဟု တိုက်စစ်မှူးဝက်စ်ကင်ဖွင့်ဟ
DVB
·
October 15, 2023
နည်းပြအမ်မရီကြောင့် ဘောလုံးအမြင်ပြောင်းလဲခဲ့ဟု တိုက်စစ်မှူးဝက်စ်ကင်ဖွင့်ဟ
Donate to DVB

အက်စတန်ဗီလာနည်းပြ အူနိုင်းအမ်မရီကြောင့် ဘောလုံးအမြင်တွေ ပြောင်းလဲသွားခဲ့ကြောင်း အင်္ဂလန် တိုက်စစ်မှူး ဝက်စ်ကင်က ပြောပါတယ်။

အသက် ၂၇ နှစ်ရှိ တိုက်စစ်မှူးဟာ သြစတြေးလျကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ ပွဲစဉ်မှာ အင်္ဂလန်အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူခဲ့တာပါ။

ဝက်စ်ကင်ဟာ ပရီးမီးယားလိဂ် ၈ ပွဲကစားအပြီးမှာလည်း ၄ ဂိုးသွင်း၊ ၄ ကြိမ် ဂိုးဖန်တီးနိုင်ခဲ့ပြီး နည်းပြအမ်မရီက သူ့ကို ပြောင်းလဲစေခဲ့ကြောင်း ဝက်စ်ကင်က ပြောပါတယ်။

“နည်းပြအူနိုင်းအမ်မရီက ကျနော့်ကို ယုံကြည်မှုတွေအများကြီးပေးပါတယ်။ လွန်ခဲ့တဲ့ ၁၈ လ အတွင်းမှာ အမှန်တကယ် ခြေစွမ်းတိုးတက်လာတယ်လို့လည်း ခံစားမိပါတယ်။ ကျနော့်ရဲ့ လက်ရှိ ခြေစွမ်းနဲ့ စွမ်းဆောင်နိုင်မှုတွေကို ပြသနိုင်ခဲ့ပြီး အင်္ဂလန်အသင်းဂျာစီကို ပြန်လည် ဝတ်ဆင်ခွင့်ရတာဟာလည်း အလွန်ကျေနပ် ဂုဏ်ယူစရာကောင်းပါတယ်” လို့ ဝက်စ်ကင်က ပြောပါတယ်။

သူဟာ ဟယ်ရီကိန်းနဲ့ လုံးဝမတူတဲ့ ကစားပုံရှိတဲ့ တိုက်စစ်မှူးဖြစ်ပြီး မတူညီတဲ့ ကွဲပြားခြားနားမှုတွေ ရှိတယ်လို့ ပြောပါတယ်။ 

Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013