DVB Logo
Home
မြန်မာသတင်း
ပုသိမ်ကြီးမြို့နယ်၌ တောင်ကျချောင်းရေဝင်ပြီး လူ ၄၀၀ နီးပါး ရေဘေးသင့်
DVB
·
October 13, 2023
ပုသိမ်ကြီးမြို့နယ်၌ တောင်ကျချောင်းရေဝင်ပြီး လူ ၄၀၀ နီးပါး ရေဘေးသင့်
1 / 4
Donate to DVB

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေကျကာ ရေကြီးရေလျှံဖြစ်ပြီး အိမ်ခြေ ၁၀၀ မှ လူ ၄၀၀ နီးပါး ရေဘေးသင့်နေသလို ရွာချင်းဆက် တံတားတစင်းလည်း ကျိုးကျခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုသိမ်ကြီး‌မြို့နယ်ရှိ အုန္နဲရေချောင်းနဲ့ နာဋောင်းကျချောင်းတို့မှာ တောင်ကျရေကြောင့် ချောင်းရေလျှံပြီး အုန်းချောကျေးရွာရှိ အနိမ့်ပိုင်းရပ်ကွက်တွေကို ရေဝင်ရောက်နေပြီး အုန်းချော်-ဆည်တော် ရွာချင်းဆက်လမ်းပေါ်ရှိ တံတားတစင်းလည်း ကျိုးသွားပါတယ်။

ရေဘေးသင့်မိသားစုတွေထဲက ကျန်းမာရေးမကောင်းတဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေး ၁၅ ဦးခန့်ကို နီးစပ်ရာ ဘုန်းကြီးကျောင်း ရွှေ့ပြောင်းခဲ့သလို ရေဘေးသင့်သူတွေကိုလည်း စားရေးသောက်ရေး အကူအညီတွေ ပေးနေတယ်လို့ စေတနာမွန် (အုန်းချော) လူမှုကူညီရေးအသင်းဝင်တဦးက ပြောပါတယ်။

“တောင်ကျရေက တက်မြန်ကျမြန်ဆိုတော့ သတိတော့ထားနေရတယ်။ အခုက ရေက တန့်နေပေမဲ့ တောင်ပေါ်မှာ မိုးရွာနေတုန်းဆိုတော့ ရေဆက်ကြီးလာနိုင်ပါတယ်။ ရေဘေးသင့် ပြည်သူတွေကို‌ ကျနော်တို့ ပူးပေါင်းပြီး အစားအသောက်တွေ စီစဉ်ပေးနေပါတယ်။ နောက်ပြီး ကလေးတို့ သက်ကြီး‌ရွယ်အိုတို့ ရှိတဲ့သူတွေကလည်း အနိမ့်ပိုင်းတွေမှာ ဆက်မနေသင့်ဘူး၊ ရေလွတ်ရာကို ရွှေ့ပြောင်းဖို့ နှိုးဆော်ထားတယ်။ ‌အခု ရေမြုပ်တဲ့အိမ်တွေက ကိုယ့်အိမ်ကို စိတ်မချလို့ အများစုက မပြောင်းကြသေးဘူး။”

အုန်းချောကျေးရွာ အနိမ့်ပိုင်းတွေကို လက်ရှိမှာ လျှပ်စစ်မီး ဖြတ်တောက်ထားတာကြောင့် စားသောက်ချက်ပြုတ်ဖို့ ခက်နေတာကြောင့် ရေရှည်ဆို စားသောက်ရေး ခက်ခဲနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒီနေ့မနက်ပိုင်းမှာလည်း ပုသိမ်ကြီးမြို့ထဲရှိ ရပ်ကွက်တချို့မှာ တောင်ကျချောင်းရေကြောင့် ရေဝင်ရောက်မှုတွေ ရှိနေပါတယ်။

ပုသိမ်ကြီးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးက လျှပ်စစ်အန္တရာယ် မကြုံစေရေးအတွက် အခုမနက် ၈ နာရီကစပြီး လျှပ်စစ်ဓာတ်အားလိုင်း ယာယီပိတ်ထားမယ်လို့ ထုတ်ပြန် ကြေညာထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013