
ဘာမင်ဂမ်အသင်းကို ပရီးမီးယားလိဂ်ဆီတန်းတက်ခွင့်ရရှိအောင်လုပ်ဆောင်ဖို့ ရည်မှန်းကြောင်း နည်းပြ သစ်ဝိန်းရွန်းနီကပြောသွားပါတယ်။
အသက် ၃၇ နှစ်ရှိ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဟာ ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ်နဲ့ ၃နှစ်ခွဲစာချုပ်ချုပ်ဆိုခဲ့ပြီး လာမယ့် ရာသီမှာ ပရီးမီးယားလိဂ်ဆီ ပြန်လည်တက်လှမ်းနိုင်ဖို့ ပစ်မှတ်ထားကြောင်းပြောခဲ့တာပါ။
ပရီးမီးယားလိဂ်အသင်းတွေရဲ့ ကမ်းလှမ်းချက်တွေကိုလည်း လက်ခံရရှိခဲ့ပေမဲ့ ဘာမင်ဂမ်အသင်းနဲ့ ဆွေးနွေးခဲ့ပြီးနောက်မှာ အသင်းဆီ တစ်ကျော့ပြန်လာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ရွန်းနီကပြောပါတယ်။
ဝိန်းရွန်းနီဟာ ၂၀၂၂ ခုနှစ်က ဘဏ္ဍာရေးပြဿနာတွေရှိခဲ့တဲ့ ဘာမင်ဂမ်အသင်းကနေ ထွက်ခွါခဲ့သူပါ။
ဘာမင်ဂမ်အသင်းဟာ ချန်ပီယံရှစ်ပွဲစဉ် ၁၁ ပွဲအပြီးမှာ ၅ ပွဲနိုင်၊ ၃ပွဲသရေ၊ ၃ ပွဲရှုံး ရလဒ်နဲ့ အဆင့် ၆နေရာမှာရပ်တည်နေပါတယ်။
Photo-Reuters










