
အာဆင်နယ်အသင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်လှမ်းနိုင်ခဲ့ပြီးနောက် ကစားသမားတွေနဲ့ ပရိသတ်တွေ အလွန်အကျွံ အောင်ပွဲခံခဲ့ကြတယ်လို့ ဝိန်းရွန်းနီက ဝေဖန်လိုက်ပါတယ်။
ရွန်းနီက “သူတို့ ဗိုလ်လုပွဲတက်တာ ထိုက်တန်ပေမဲ့ ဖလားမရသေးပါဘူး၊ ဖလားရမှ အောင်ပွဲခံသင့်တယ်” လို့ ဝေဖန် ပြောကြားခဲ့တာပါ။
အာဆင်နယ်ဂန္ထဝင် အီယန်ရိုက်ကတော့ “အောင်ပွဲခံမှုကို ဖမ်းဆီးမဲ့ပုလိပ်တွေ ရောက်လာပါလိမ့်မယ်၊ အဖမ်းမခံကြပါနဲ့၊ ဒါဟာ ကြီးကျယ်တဲ့ အခိုက်အတန့်ဖြစ်လို ပျော်ပျော်ရွှင်ရွှင်သာ အောင်ပွဲခံကြပါ” လို ပရိသတ်တွေကို ပြန်လည်တိုက်တွန်းခဲ့ပါတယ်။
အာဆင်နယ်ဟာ ၂၀၀၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဗိုလ်လုပွဲ တက်လှမ်းနိုင်ခဲ့တာဖြစ်ပြီး ဘိုင်ယန်မြူးနစ်၊ သို့မဟုတ် ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။










