DVB Logo
Home
မြန်မာသတင်း
အထည်ချုပ်လုပ်ငန်းရှင် ၂၅၀ ကျော်ကို အသင်းဝင်အဖြစ်မှ ရပ်ဆိုင်းကြောင်း MGMA ထုတ်ပြန်
DVB
·
October 12, 2023
အထည်ချုပ်လုပ်ငန်းရှင် ၂၅၀ ကျော်ကို အသင်းဝင်အဖြစ်မှ ရပ်ဆိုင်းကြောင်း MGMA ထုတ်ပြန်
Donate to DVB

လုပ်ငန်းရှင် ၂၅၄ ဦးကို နှစ်စဉ် အသင်းဝင်ကြေး ပေးသွင်းဖို့ ပျက်ကွက်ခဲ့တာကြောင့် အသင်းဝင်အဖြစ်က ရပ်ဆိုင်းခဲ့ကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) က  အောက်တိုဘာ ၉ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

MGMA အသင်းအနေနဲ့ အဲ့ဒီလုပ်ငန်းရှင်တွေကိုအကြောင်းကြားစာ ၃ ကြိမ်ပေးပို့ခဲ့ပေမယ့် ပြန်လည်ဆက်သွယ်လာခြင်းမရှိတာကြောင့် အသင်းဝင်ကြေး မပေးသွင်းတဲ့ လုပ်ငန်းရှင်တွေကို အသင်းဝင်အဖြစ်က ရပ်ဆိုင်းခဲ့တာလို့ ဆိုပါတယ်။

"စက်ရုံတော်တော်များများက ဒီနှစ်ပိုင်းအတွင်းမှာ လုပ်ငန်းအော်ဒါတွေ မကောင်းလို့ ပိတ်လိုက်တာ သေချာသွားတဲ့သဘောပါ။ အရင်လိုလည်း စျေးကွက်က မတွင်ကျယ်တော့ဘူးလေ။ ဒီပုံအတိုင်းဆို ရှေ့ဆက် ထပ်လျော့လာနိုင်တယ်လို့တော့ သုံးသပ်မိတယ်" လို့ အလုပ်သမားရေးရာကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့နေတဦးက ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) မှာ အသင်းဝင်ထားတဲ့ အသင်းသားဦးရေ ၈၁၉ ဦးရှိခဲ့ပြီး အသင်းသား ၂၅၄ ဦးမှာ ၂၀၂၂ ခုနှစ်အတွက် နှစ်စဉ်ကြေးပေးသွင်းဖို့ ပျက်ကွက်ခဲ့​တာလည်း ဖြစ်ပါတယ်။

လက်ရှိ ရပ်ဆိုင်းခံခဲ့ရတဲ့ အသင်းသားတွေအနေနဲ့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း MGMA ကို ပြန်လည် အသင်းဝင်လိုပါက အသင်းမှာ ပေးသွင်းဖို့ ကျန်တဲ့ အကြွေးတွေကို ပြန်လည်ပေးသွင်းပြီးမှသာ အသင်းသားသစ်အဖြစ် မှတ်ပုံတင်ရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013