DVB Logo
Home
အားကစား
ချဲလ်ဆီးနှင့် ရီးရဲလ်ကစားသမားဟောင်း အီဒင်ဟာဇက် ဘောလုံးလောကမှ အနားယူ
DVB
·
October 11, 2023
ချဲလ်ဆီးနှင့် ရီးရဲလ်ကစားသမားဟောင်း အီဒင်ဟာဇက် ဘောလုံးလောကမှ အနားယူ
Donate to DVB

ရီးရဲလ်မက်ဒရစ်နဲ့ ချဲလ်ဆီး တောင်ပံကစားသမားဟောင်း အီဒင်ဟာဇက်ဟာ ဘောလုံးလောက ကနေ အနားယူလိုက်ပြီလို့ အောက်တိုဘာ ၁၀ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

ဘယ်လ်ဂျီယံ လက်ရွေးစင်ဟောင်းဟာ ၂၀၁၉ ခုနှစ်မှာ ရီးရဲလ်ကို ကလပ်ရဲ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့ပေမယ့် ဒဏ်ရာပြဿနာတွေကြောင့် ဆန်တီယာဂိုဘာနေဗျူးမှာ လေးနှစ်ကြာ ရုန်းကန်ခဲ့ရပါတယ်။

ရီးရဲလ်မှာ ကစားချိန်အကန့်အသတ်ရှိပေမဲ့ ဟာဇက်ဟာ ချန်ပီယံလိဂ်နဲ့ လာလီဂါဖလား နှစ်ကြိမ် အပါအဝင် ဆုဖလားပေါင်းများစွာကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ကစားသမားသက်တမ်း ၁၆ နှစ်ကြာအတွင်း ပွဲပေါင်း ၇၀၀ ကျော် ကစားပြီးတဲ့နောက်မှာတော့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ယောက်ဘဝကို အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့တာပါလို့ ဟာဇက်က အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။

ဟာဇက်ဟာ ၂၀၁၂ ခုနှစ်မှာ လိုင်လီကနေ ချဲလ်ဆီးကို ရောက်ရှိလာခဲ့ပြီး ၂၀၁၉ ခုနှစ်အထိ လန်ဒန်ကလပ်အသင်းနဲ့အတူ ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါသေးတယ်။

သူဟာ ၂၀၁၅ နဲ့ ၂၀၁၇ ခုနှစ်တွေမှာလည်း ပရီးမီးယားလိဂ်ဖလား၊ လိဂ်ဖလားနဲ့ FA ဖလားတို့ကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

နိုင်ငံအသင်း ဘယ်လ်ဂျီယံအတွက်လည်း ၁၂၆ ပွဲကစား၊ ၃၃ ဂိုး သွင်းယူကာ ၂၀၁၈ ကမ္ဘာ့ဖလားမှာ တတိယနေရာအထိရောက်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ကာတာကမ္ဘာ့ဖလားမှာတော့ အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013