DVB Logo
Home
မြန်မာသတင်း
ပခုက္ကူ၌ PDF စခန်း စီးနင်းခံရပြီး ရဲဘော် ၅ ဦး ကျဆုံး
DVB
·
October 10, 2023
ပခုက္ကူ၌ PDF စခန်း စီးနင်းခံရပြီး ရဲဘော် ၅ ဦး ကျဆုံး
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့၊ ကျောက်ဖူးကျေးရွာအနီးက Local PDF စခန်း စီးနင်းခံရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးကာ သေနတ် ၄ လက် သိမ်းဆည်းခံခဲ့ရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

အောက်တိုဘာ ၁၀ ရက် ဒီနေ့မနက် ၅ နာရီမှာ အင်အား ၂၀၀ ကျော်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက “မနက်အစောကြီး အလစ်အငိုက် တိုက်ခိုက်ခံလိုက်ရတာ။ အင်အားကလည်း မမျှတော့ အခုလိုတွေ ဖြစ်ကုန်တာ။ ပြေးဖို့လုပ်ကြသေးတယ်၊ မလွတ်တော့တာ။ အခုထိလည်း စစ်ကြောင်းက ရွာထဲမှာ ရှိနေသေးတော့ အခြေအနေ အတိအကျကို မသိရသေးဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကိုင်းကျေးရွာဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းက ကျောက်ဖူးကျေးရွာအနီး Local PDF စခန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းရာ တာတေ LPDF အဖွဲ့မှ တပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးပြီး လက်လုပ်သေနတ် ၄ လက် သိမ်းဆည်းခံခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီ စစ်ကောင်စီစစ်ကြောင်းဟာ ကျောက်ဖူး၊ ထန်းပင်ချောင်း၊ ရွာသာအေးကျေးရွာတွေကို စစ်ကြောင်းထိုးနေလို့ ဒေသခံ ၁,၀၀၀ ကျော် စစ်ရှောင်နေရပြီး ကျောက်ဖူးကျေးရွာမှာ အထိုင်ချ နေရာယူထားတယ်လို့ သိရပါတယ်။

ဩဂုတ် ၃ ရက်ကလည်း ပခုက္ကူခရိုင်တပ်ရင်း-၁၃ ရှေ့တန်းစခန်း စီးနင်းခံရပြီး လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်း သိန်း ၁၀၀ နီးပါး သိမ်းဆည်းခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013