DVB Logo
Home
နိုင်ငံတကာ
ဗင်နီဇွဲလားသမ္မတလောင်း ကာပရီးလက်စ်  ရွေးကောက်ပွဲမှ နုတ်ထွက်
DVB
·
October 10, 2023
ဗင်နီဇွဲလားသမ္မတလောင်း ကာပရီးလက်စ်  ရွေးကောက်ပွဲမှ နုတ်ထွက်
Donate to DVB

ဗင်နီဇွဲလားနိုင်ငံမှာ ၂ ကြိမ်တိုင်တိုင် သမ္မတလောင်းဖြစ်ခဲ့တဲ့ အန်နရီကေး ကာပရီးလက်စ်ဟာ သူရဲ့ နိုင်ငံရေးဆိုင်ရာ အရည်အချင်း မပြည့်မှီမှုကြောင့် အကြိုရွေးကောက်မှ နုတ်ထွက်လိုက်ပြီ ဖြစ်တယ်လို့ အောက်တိုဘာ ၈ ရက်မှာ ကြေညာခဲ့ပါတယ်။ 

X-အိတ်စ်နဲ့ အင်စတာဂရမ် ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ်မှာ ကာပရီးလက်စ်က သူရဲ့  နိုင်ငံရေး အနာဂတ်အပေါ်  ပါတီဌာနချုပ်အနေနဲ့  အဆုံးအဖြတ်ပေးလိမ့်မယ်လို့ တိုက်ရိုက် ထုတ်လွှင့်မှုအတွင်း ပြောကြားသွားပါတယ်။ 

ကာပရီးလက်စ်ရဲ့  ဆိုရှယ်မီဒီယာ အကောင့်ပေါ်က စာသားအရ ရွေးကောက်ပွဲ ယှဉ်ပြိုင်မှုအတွင်း ပိတ်ပင်ခံရမှုကြောင့် ဆက်ပြီးရှိနေလို့ မဖြစ်ကြောင်း ရေးသားထားပါတယ်။ 

ဒါ့အပြင် ကာပရီးလက်စ်ဟာ သမ္မတဖြစ်လာရေးအတွက် ကြိုးပမ်းခဲ့ရာမှာ ပင်ပန်းနေပုံရသလို ရွေးကောက်ပွဲမှာလည်း သူရဲ့ မဲဆွယ်စည်းရုံးမှု မရှိတော့တာကြောင့် အခုလို နုတ်ထွက်သွားနိုင်တယ် ဆိုပြီး မျှော်မှန်းခဲ့ကြတာပါ။ 

ကာပရီးလက်စ်ရဲ့  ကြေညာချက် ထွက်ပေါ်လာနိုင်တာနဲ့ ပတ်သက်ပြီး သတင်းမီဒီယာ တချို့ ကလည်း အချိန်အတော်ကြာအောင် ဖော်ပြခဲ့ ကြပါတယ်။ 

ဒါကြောင့် အသက် ၅၁ နှစ်အရွယ် ရှေ့နေဖြစ်သူရဲ့  နုတ်ထွက်မှုက အတိုက်အခံတွေအတွက် အတွင်းပိုင်း လုပ်ငန်းစဉ်မှာ သိသာထင်ရှားတဲ့ ထိုးနှက်ချက် တခု ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ကာပရီးလက်စ်ဟာ အနိုင်ရရှိနိုင်တဲ့ အလေးသာမှု မရှိပေမဲ့လည်း ရွေးကောက်ပွဲ လုပ်ငန်းစဉ်နဲ့ အတိုက်အခံတွေရဲ့  ညီညွတ်မှုအပေါ်မှာ အမြဲထောက်ခံ လေ့ရှိသူပါ။

ဒါဟာ လာမယ့် ၂၀၂၄ သမ္မတရွေးကောက်ပွဲအတွင်း လက်ရှိသမ္မတ နီကိုးလက်စ် မာဒူရိုအပေါ် အနိုင်ယူနိုင်မယ့် တခုတည်းသော နည်းလမ်းအဖြစ်ကာ ပရီးလက်စ်အနေနဲ့ ခံယူထားတာကြောင့် ဖြစ်ပါတယ်။

Source/Photo-Reuters 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013