DVB Logo
Home
အားကစား
၂၀၃၄ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ဆော်ဒီကို ကျင်းပခွင့်ပေးရန် သဘောတူညီမူရယူထား
DVB
·
October 10, 2023
၂၀၃၄ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ဆော်ဒီကို ကျင်းပခွင့်ပေးရန် သဘောတူညီမူရယူထား
Donate to DVB

၂၀၃၄ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ဆော်ဒီအာရေးဗျနိုင်ငံကို ကျင်းပခွင့်ပေးဖို့ ကြိုတင် သဘောတူညီမှုရယူထားကြောင်း သတင်းထွက်ပေါ်လာပါတယ်။

၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပေါ်တူဂီ၊ စပိန်၊ မော်ရိုကို သုံးနိုင်ငံကို ပူးတွဲကျင်းပခွင့်ပေးလိုက်ပြီးတဲ့နောက်မှာ ဆော်ဒီနိုင်ငံကို ၂၀၃၄ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ကျင်းပခွင့် ပေးလိုက်တာဖြစ်တယ်လို့ ဗြိတိန်သတင်းတွေမှာ ဖော်ပြပါတယ်။

၂၀၃၄ ကမ္ဘာ့ဖလားကို ဆော်ဒီနိုင်ငံက လက်ခံကျင်းပခွင့်ဟာ အခြေခံအားဖြင့် သဘောတူညီပြီး သားဖြစ်ကြောင်း၊ ငွေကြေးပိုင်းဆိုင်ရာက အဓိကဖြစ်ပြီး ဖီဖာဘက်က ဒေါ်လာဘီလီယံချီပြီးရရှိ မှာဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး ဒေးလီးမေးလ်သတင်းက ဖော်ပြပါတယ်။

ဖီဖာဥက္ကဋ္ဌ အင်ဖက်တီနိုဟာ ဆော်ဒီအိမ်ရှေ့ မင်းသားမိုဟာမက်ဘင်ဆယ်လ်မန်နဲ့ အလွန်နီးကပ် တဲ့ဆက်ဆံရေးရှိပြီး ကမ္ဘာ့အိမ်ရှင်ကျင်းပခွင့်မှာ ဆော်ဒီအနေနဲ့ အားသာချက်တွေရှိခဲ့တယ်လို့ ဆိုပါတယ်။ 

Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013