
မန်စီးတီးနောက်ခံလူဝေါ်ကာနဲ့ အာဆင်နယ်နည်းပြအဖွဲ့ဝင်တို့ရဲ့ ဖြစ်ရပ်အပေါ် အရေးယူမှာမဟုတ် ကြောင်း အင်္ဂလန်အက်ဖ်အေက ထုတ်ပြန်သွားပါတယ်။
တနင်္ဂနွေနေ့ကပွဲစဉ်မှာ အာဆင်နယ်က မန်စီးတီးကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ အာဆင်နယ်တည်ကန်ဘောနည်းပြဖြစ်သူ နီကိုလပ်ဟိုဗာဟာ ဝေါ်ကာကို လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းခဲ့ပေမဲ့ ဝေါ်ကာဘက်က လက်မခံခဲ့တာပါ။
ဝေါ်ကာအပြင် တိုက်စစ်မှူးဟာလန်းကပါ ပေါက်ကွဲခဲ့ပြီး အာဆင်နယ်နည်းပြအဖွဲ့ဝင်ဘက်ကို ဒေါသတကြီး အော်ဟစ်ပြောဆိုခဲ့ပါတယ်။
ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီးနောက် နှစ်ဖက် ကစားသမားတွေနဲ့ ကွင်းလုံခြုံရေးတို့ကပါ ထိန်းသိမ်းခဲ့ရတာပါ။
အာဆင်နယ်တည်ကန်ဘော နည်းပြဖြစ်သူဟိုဗာဟာ အလားတူရာထူးနဲ့ပဲ မန်စီးတီးမှာ ၂ နှစ်ကြာ တာဝန်ယူခဲ့ဖူးသူပါ။
ပြီးခဲ့တဲ့ရာသီကတည်းက နည်းပြဟိုဗာက မန်စီးတီးကစားသမားတွေကို နှုတ်ဆက်ခြင်းမလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး စကားအချေအတင် ဖြစ်ခဲ့ဖူးတယ်လို့ သိရပါတယ်။
Photo-Reuters











