DVB Logo
Home
မြန်မာသတင်း
ကိုးကန့်အဖွဲ့က ဖမ်းဆီးထားသည့် တရုတ်နိုင်ငံသား ၃၇၇ ယောက်ကို လွှဲပြောင်းပေး
DVB
·
October 8, 2023
ကိုးကန့်အဖွဲ့က ဖမ်းဆီးထားသည့် တရုတ်နိုင်ငံသား ၃၇၇ ယောက်ကို လွှဲပြောင်းပေး
Donate to DVB

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီမံအုပ်ချုပ်ရေးအဖွဲ့က ဖမ်းဆီးထားတဲ့ တရုတ်နိုင်ငံသား ၃၇၇ ယောက်ကို အောက်တိုဘာ ၇ ရက်နေ့ မနက်က တရုတ်နိုင်ငံဘက်ကို လွှဲပေးလိုက်တယ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဖမ်းဆီးထားတဲ့ တရုတ်နိုင်ငံသား ၃၇၇ ယောက်ကို ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်၊ လောက်ကိုင်မြို့၊ ရန်လုံကျိုင်း နယ်စပ်ဖြတ်ကျော်ရေးစခန်းမှာ နှစ်ဖက်တာဝန်ရှိသူတွေ တွေ့ဆုံလွှဲပြောင်းပေးခဲ့တာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“နှစ်ဖက်က တာဝန်ရှိသူတွေပါတယ်။ တရုတ်အစိုးရဘက်ကလူတွေနဲ့ ကိုးကန့်တွေ သဘောတူစာချုပ်လက်မှတ်ထိုးတာရှိတယ်။ မိတာတော့ အွန်လိုင်းငွေလိမ်ကိစ္စ။  ဒါပေမဲ့ တရားမဝင်ဖြတ်ကျော်နဲ့ပဲ လွှဲပေးရတာ” လို့ပြောပါတယ်။

အဲဒီ တရုတ်နိုင်ငံသား ၃၇၇ ယောက်ဟာ အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်တယ်ဆိုပြီး စက်တင်ဘာ ၂၃ ရက်က လောက်ကိုင်မြို့မှာ ပြည်သူ့စစ်အဖွဲ့နဲ့ရဲတွေက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဒီလို ဖမ်းဆီးခဲ့တာကြောင့် စက်တင်ဘာ ၃၀ ရက်မှာယူနန်ပြည်နယ်၊ လင်ချန်းခရိုင်မှာ ကျင်းပတဲ့ ကုန်စည်ပြပွဲနဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားတက်ရောက်ဖို့သွားတဲ့ ကိုးကန့်လုပ်ငန်းရှင် ၁၁ ယောက်ကိုလည်း အေက်တိုဘာ ၁ ရက်မှာ တရုတ်ဘက်က ဖမ်းဆီးခဲ့တယ်လို့ စစ်ဘက်နဲ့နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

"၁ ရက်နေ့ညက ယူနန်ဘက်က ရဲတွေ ကိုးကန့်လုပ်ငန်းရှင် ၁၁ ဦးကို ဖမ်းထားတာ ရှိတယ်။ အပြန်အလှန်အနေနဲ့ဆို လုပ်ငန်းရှင်တွေ ပြန်လွှတ်ပေးမယ်ဆိုပြီး ကတိပြုထားတာရှိတယ်။ လွှတ် မလွှတ်တော့ မသိသေးဘူး" လို့ ရှင်းပြပါတယ်။

တရုတ်ရဲတွေဟာ စစ်ကောင်စီတပ်နဲ့ပေါင်းပြီး မြန်မာနိုင်ငံမြောက်ပိုင်း အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေရှိတဲ့ နေရာ ၁၁ ခုကနေ သံသယရှိသူ ၂၉၆ ယောက်ကို ဖမ်းဆီးခဲ့ပြီး အဲဒီထဲက တရုတ်နိုင်ငံသား ၁၈၆ ယောက်ကို ပြန်လည် ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။

​စစ်ကောင်စီဘက်ကလည်း ၂၀၂၃ ခုနှစ်အတွင်း၊ အောက်တိုဘာ ၂ ရက်အထိ Online လိမ်လည်မှု ၁၁၉ မှုကနေ တရားခံ ၇၆ ယောက်နဲ့ Online လောင်းကစားမှု ၅၈ မှုက တရားခံ ၁၃၄ ယောက်ကို ဖော်ထုတ်အရေးယူနိုင်ခဲ့တယ်လို့ ထုတ်ပြန် ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013