DVB Logo
Home
အားကစား
မန်ယူနိုက်တက်နည်းပြဟောင်း ဆာအဲလက်စ်‌ဖာဂူဆန်ဇနီး ကွယ်လွန်
DVB
·
October 7, 2023
မန်ယူနိုက်တက်နည်းပြဟောင်း ဆာအဲလက်စ်‌ဖာဂူဆန်ဇနီး ကွယ်လွန်
Donate to DVB

မန်ချက်စတာယူနိုက်တက်ရဲ့ ဂန္ဒဝင်နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်ရဲ့ဇနီး ကတ်သီဖာ ဂူဆန်ဟာ အောက်တိုဘာ ၆ ရက်က ကွယ်လွန်ခဲ့တယ်လို့ မန်ချက်စတာယူနိုက်တက်က တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

မန်ချက်စတာယူနိုက်က "အသက် ၈၄ နှစ်အရွယ်ရှိတဲ့ လေဒီကတ်သီ ကွယ်လွန်မှုအတွက် မန်ချက်စတာယူနိုက်တက်က ဆာအဲလက်စ်ဖာဂူဆန်နဲ့မိသားစုအတွက် ဝမ်းနည်းကြောင်း ပြောကြားချင်ပါတယ်။ မန်ယူနိုက်တက်ရဲ့အောင်မြင်မှုတွေမှာ အဓိကကြတဲ့ ဆာအဲလက်စ်ဖာဂူဆန် ရဲ့ နောက်ကွယ်မှာ လေဒီကေသီက အများကြီးပံ့ပိုးခဲ့ပါတယ်"ထုတ်ပြန်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆာအဲလက်စ်ဖာဂူဆန်ဇနီး ကွယ်လွန်ခဲ့တဲ့အတွက် ဝမ်းနည်းကြောင်းပြတဲ့အနေဖြင့် အသင်းရှိအလံများကို တိုင်တဝက်ထိလျော့ချသွားမှာဖြစ်ပြီး ယနေ့ညမှာ ကစားမယ့် ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာလည်း လက်ပတ်အနက်များ ဝတ်ဆင်ကစားသွားမှာ ဖြစ်ပါတယ်။

ဆာအဲလက်စ်ဖာဂူဆန်ဟာ လေဒီကတ်သီနဲ့ ၁၉၆၆ တွင် လက်ထပ်ခဲ့ပြီး ၂၀၁၃ မှာ ဇနီးသည်ကို အချိန်ပေးမယ့်ဆုံးဖြတ်ချက်ကြောင့် မန်ချက်စတာယူနိုက်တက် နည်းပြဘဝကနေ အနားယူ ခဲ့ပါတယ်။

ဆာအဲလက်စ်ဖာဂူဆန်ဟာ ဗြိတိန်သမိုင်းတလျောက်အကြီးကျယ်ဆုံးနည်းပြဖြစ်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ကို ၂၆ နှစ် ကိုင်တွယ်ခဲ့ရာ ပရီးမီးယားလိဒ် ၁၃ ကြိမ်၊ ချန်ပီယံလိဒ် ၂ ကြိမ်အပါအဝင် ဆုဖလားပေါင်း ၃၆လုံးဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဆာအဲလ်က်စ်ဖာဂူဆန်ကို ၁၉၉၉ မှာ အဲလီဇဘတ် ၂ ဘုရင်မကြီးက ဆာဘွဲ့ချီးမြှင့်ခဲ့ပါတယ်။

Photo-Manchester United

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013