DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်နှင့် TNLA တလအတွင်း တိုက်ပွဲ ၄၀ ကျော်ဖြစ်  
DVB
·
October 7, 2023
စစ်ကောင်စီတပ်နှင့် TNLA တလအတွင်း တိုက်ပွဲ ၄၀ ကျော်ဖြစ်  
Donate to DVB

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PSLF/TNLA တို့ တိုက်ပွဲ ၄၁ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ အကြိမ် ၂၀ ကျော်တိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

တအာင်းပြည်နယ် တပ်မဟာ ၁ စစ်ဒေသ မူဆယ်မြို့နယ်၊ တပ်မဟာ ၅ စစ်ဒေသ ကွတ်ခိုင်မြို့နယ်နဲ့ တပ်မဟာ ၂ စစ်ဒေသ မိုးကုတ်မြို့နယ်တို့မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။

မူဆယ်မြို့နယ်က စယ်လန့်၊ မန်ကန်၊ ဆိုင်ခေါင်၊ နာထန်၊ ဂေါင်ရာ၊ နမ့်တောင်း၊ ဖာဖိန့်၊ ၁၀၅ မိုင်၊ လွယ်ကီလောက်နဲ့ လွယ်နောတောင်တို့နားမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်တို့က TNLA ရာကို ထိုးစစ်ဆင်နေလို့ တိုက်ပွဲဖြစ်ခဲ့ပြီး TNLA ဘက်ကလည်း ပြန်ပြီး ထိုးစစ်ဆင်လို့ တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

မူဆယ်မြို့နယ်မှာ စစ်ကောင်စီဘက်က လေကြောင်းကနေ ၁၀ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပြီး တအာင်းတပ်မတော်၊ တပ်မဟာ ၁ ရဲ့ လွယ်မောက်တပ်စခန်းကို ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးနဲ့ ၁ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ကွတ်ခိုင်မြို့နယ်မှာ‌တော့ ကောင်းမှုရာ၊ ခိုမုန်း၊ လင်းလုံ၊ မိုင်းယု၊ နမ့်ဖက်ကာ၊ လုံဆွေနဲ့ မန့်ဝိန်းတို့နားမှာ တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကွတ်ခိုင်မြို့နယ်မှာ စစ်ကောင်စီဘက်က လေကြောင်းကနေ ၅ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပြီး ငေါ့ငါးရွာနားကို ဖျက်အားပြင်းဗုံးတမျိုးဖြစ်တဲ့ ပေါင် ၅၀၀ ဗုံးတလုံး အပါအဝင် ဗုံး ၃ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

မိုးကုတ်မှာတော့ အထက်ညောင်ကုန်း၊ အောက်ညောင်ကုန်း၊ ကုန်းစံ၊ ဖြုရောင်၊ ပန်သပြေနဲ့ ရေထွက်ကြီးရွာတို့နားမှာ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

မိုးကုတ်မြို့နယ်မှာလည်း အရပ်သားတွေရှိတဲ့နေရာနဲ့ တအာင်းတပ်မတော်ရှိရာကို လေကြောင်းကနေ ၅ ကြိမ်ထက်မနည်းတိုက်ခိုက်လာခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ဒီတိုက်ပွဲတွေအတွင်း တအာင်းတပ်ရှိရာကိုရော၊ အရပ်သားတွေ ရှိရာကိုပါ လက်နက်ကြီးနဲ့ အချက်ပေါင်းများစွာပစ်ခတ်ခဲ့တာကြောင့် ဗုံးစ ထိမှန်ပြီး ၁၁ နှစ်အရွယ်ကလေးတယောက်အပါအဝင် အရပ်သားပြည်သူ ၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013