
အာဆင်နယ်အသင်းဟာ အရင်ကလို အသင်းအဖြစ် ပြန်လာပြီဖြစ်ကြောင်း မန်စီးတီးနည်းပြဂွါဒီယိုလာက ချီးကျူးသွားပါတယ်။
တနင်္ဂနွေနေ့မှာကစားရမယ့် ထိပ်တိုက်တွေ့ဆုံပွဲစဉ်မတိုင်ခင် အာဆင်နယ်အသင်းရဲ့ခြေစွမ်းအပေါ် ဂွါဒီယိုလာကချီးကျူးခဲ့တာပါ။
အာဆင်နယ်အသင်းဟာ မနှစ်က ချန်ပီယံဆုနဲ့ လက်လွှတ်ခဲ့ရပြီးတဲ့နောက်မှာ တချိန်က ဆာအဲလက်စ်ဖာဂူဆန်ရဲ့ မန်ယူအသင်းကို စိန်ခေါ်ခဲ့တဲ့ အာဆင်နယ်အသင်းလို ခြေစွမ်းမျိုးပြန်လည်ရရှိနေကြောင်း ဂွါဒီယိုလာကပြောပါတယ်။
“ကျနော် စီးတီးကို စရောက်ချိန်က အာဆင်နယ်က အရင်ကလိုမဟုတ်ခဲ့ပေမဲ့ ခုချိန်မှာတော့ သူတို့ ပြန်လာနေပါပြီ။ အမ်းမရိတ်ကွင်းကို သွားကစားခဲ့တဲ့ မှတ်တမ်းတွေကိုပြန်ကြည့်လိုက်ပါ။ သူတို့ဟာ တခါတလေမှာ လူကပ်ကစားတတ်သလို တခါတလေမှာကျတော့ ကစားခွင့်ပေးလေ့ရှိတယ်။ ဒါပေမဲ့ သူတို့က တိုက်ရည်ခိုက်ရည်အပြည့်နဲ့ကစားတတ်တယ်။ ပြီးတော့ ဒီရာသီအတွက် လူအင်အားဖြည့်တင်းမူကို ကြည့်မယ်ဆိုရင်လည်း ထိပ်တန်းအဆင့်ဖြစ်ပြီး ထူးခြားကောင်းမွန်လှပါတယ်။”
အာဆင်နယ်ဟာ အခုနှစ်ကွန်မြုနတီဒိုင်းဗိုလ်လုပွဲမှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရခဲ့ပေမဲ့ ပရီးမီးယားလိဂ်မှတ်တမ်းအရတော့ ၂၀၁၅ ခုနှစ်နောက်ပိုင်းမှာ မန်စီးတီးကို အနိုင်မရတော့တာ လက်ရှိအချိန်အထိ ဖြစ်ပါတယ်။
Photo-Reuters










