DVB Logo
Home
မြန်မာသတင်း
စစ်တွေကမ်းခြေရှိ စားသောက်ဆိုင်များကို စစ်ကောင်စီက အင်အားသုံးဖြိုဖျက်
DVB
·
October 5, 2023
စစ်တွေကမ်းခြေရှိ စားသောက်ဆိုင်များကို စစ်ကောင်စီက အင်အားသုံးဖြိုဖျက်
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေဟိုတည် ကမ်းခြေမှာရှိတဲ့ စားသောက်ဆိုင်တွေကို စစ်ကောင်စီ စည်ပင်သာယာရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့က အောက်တိုဘာ ၅ ရက် မနက် ၇ နာရီခွဲမှစပြီး အင်အားသုံးဖြိုဖျက်နေတယ်လို့ စားသောက်ဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။

“ဒီနေ့မနက် ၆ နာရီကျော်လောက်မှာ ရဲကားတွေ နဲ့ စည်ပင်ကားတွေရောက်လာတယ်။ ရဲအင်အား ၁၀၀ လောက်ရှိတယ်။ စည်ပင်ကပြည်နယ်မှူး ဦးကျော်မိုးနဲ့ အင်အား ၁၀၀ လောက်ပါတယ်ဗျ။ ဆိုင်တွေက ထိုင်ခုံတွေကို ကား ၃ စီးနဲ့ သယ်သွားကြပြီ။ အခုလက်ရှိမှာ ဆိုင် ၃ ဆိုင်လောက်ကို ဖြိုနေကြတယ်” လို့ စားသောက်ဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။

စစ်တွေမြို့မိမြို့ဖတဦးက “အခုလို ဝါတွင်းကာလ မိုးရာသီမှာ မရှိဆင်းရဲလုပ်စားနေကြတဲ့ ပြည်သူတွေကို ငဲ့ညှာဖို့တော့လိုတယ်။ အခုက သူတို့လုပ်ချင်သလို လုပ်နေကြတယ်” လို့ ပြောပါတယ်။

ရဲတပ်ဖွဲ့နဲ့ စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူတွေက ဆိုင်ရှင်တွေရဲ့ ဖုန်းအားလုံးကို သိမ်ဆည်းထားပြီးမှ စားသောက်ဆိုင်တွေအား ဘိုဒူဇာတွေ၊ ကရိန်းတွေနဲ့ အင်အားသုံး ဖြိုဖျက်နေကြတာလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့က စစ်တွေဟိုတည်ကမ်းခြေရှိ စျေးဆိုင်ရှင် ၁၆ ဦးကို ခေါ်ယူပြီး ဥပဒေပုဒ်မ ၂၃ (က)၊ (ခ)၊ ဥပဒေ ပုဒ်မ၆၆ (က)၊ (ခ) တို့အရ အများပြည်သူနဲ့ သက်ဆိုင်တဲ့လမ်း၊ ရေမြောင်း၊ ရေပိုက်၊ မိလ္လာပိုက်၊ လူသွားစင်္ကြံတို့မှာ ကျူးကျော်ရောင်းချနေတယ်ဆိုပြီး ၂၀၂၃ ခုနှစ် သြဂုတ် ၂၆ ရက် နောက်ဆုံးထား ဖယ်ရှား၊ ရှင်းလင်း၊ ရွှေ့ပြောင်းပေးဖို့ သတိပေးထားတယ်လို့ သိရပါတယ်။

စစ်တွေဟိုတယ် ကမ်းခြေရှိ စားသောက်ဆိုင် ၁၆ ဆိုင်ကို ၂၀၁၂-၁၃ ခုနှစ် ဝန်ကြီးချုပ် မောင်မောင်အုန်း လက်ထက်ကတည်းက မဲစနစ်နဲ့ တရားဝင်လုပ်ပိုင်ခွင့်ပေးထားခဲ့တာလို့ စားသောက်ဆိုင် ပိုင်ရှင်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013