DVB Logo
Home
မြန်မာသတင်း
တရုတ်ခရီးသွားများကို စစ်ကောင်စီ ဝန်ကြီး ကြိုဆို
DVB
·
October 3, 2023
တရုတ်ခရီးသွားများကို စစ်ကောင်စီ ဝန်ကြီး ကြိုဆို
Donate to DVB

မြန်မာနိုင်ငံကို ဆိုက်ရောက်ဗီဇာနဲ့ ရောက်လာတဲ့ တရုတ်ခရီးသွားဧည့်သည်တွေကို စစ်ကောင်စီခန့် ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီး ဒေါက်တာသက်သက်ခိုင်ကိုယ်တိုင် ကြိုဆိုခဲ့တယ်လို့ ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ခရီးသွားဧည့်သည်တွေ ပိုမိုဝင်ရောက်လာအောင် လေကြောင်းခရီးနဲ့ ဝင်ရောက်လာတဲ့ တရုတ်နဲ့ အိန္ဒိယက ခရီးသည်‌တွေအတွက် ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်)နဲ့ လည်ပတ်ခွင့်ကို မကြာသေးခင်ကာလက စတင် ခွင့်ပြုပေးလိုက်တာပါ။

အဲဒီလို ခွင့်ပြုပေးခဲ့ပြီးနောက် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ခရီးသွားဧည့်သည်‌တွေကို အောက်တိုဘာ ၂ ရက်မှာ စစ်ကောင်စီ ဟိုတယ်ခရီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ကိုယ်တိုင် ကြိုဆိုတွေ့ဆုံခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းခံရပြီးနောက် ရာနှုန်းပြည့်နီးပါး ထိခိုက်ကျဆင်းခဲ့ရတဲ့ မြန်မာ့ခရီးသွားလုပ်ငန်းကို အခုနှစ် ခရီးသွားရာသီမှာ ပြန်လည်တိုးတက် ကောင်းမွန်လာဖို့ စစ်ကောင်စီက မျှော်လင့်ထားပါတယ်။

အခုနှစ် ဇန်နဝါရီလကနေ ဇူလိုင်လအထိ ၇ လအတွင်း ပြည်ပခရီးသွား ၆ သိန်းကျော် ဝင်ရောက်ခဲ့ပြီး ၂၀၂၂ ခုနှစ်ကထက် ၆ ဆခန့် တိုးလာကြောင်း၊ မကြာခင်မှာ မြန်မာ့ခရီးသွားလုပ်ငန်းက ကိုဗစ်-၁၉ မတိုင်မီကာလ အခြေအနေကို ပြန်လည်ရောက်ရှိနိုင်မယ်လို့ ယုံကြည်ကြောင်း စစ်ခေါင်းဆောင်က ပြီးခဲ့တဲ့လအတွင်းက ပြောကြားထားပါတယ်။

ဒါပေမဲ့ ပြည်တွင်းခရီးသွားလုပ်ငန်းရှင်တွေကတော့ မြန်မာ့ခရီးသွားလုပ်ငန်း နဂိုအခြေအနေကို ပြန်ရောက်ဖို့ အချိန်တခု စောင့်ရဦးမယ်လို့ ယူဆထားကြပါတယ်။

ခရီးသွားလုပ်ငန်းရှင်တဦးက “တိုးလာတယ် ဆိုတာကလည်း ပြီးခဲ့တဲ့နှစ်က အတော်လေး နည်းသေးတာကိုး။ ဒီနှစ်လည်း သိပ်အများကြီး မလာသေးပါဘူး။ ကိုဗစ်မတိုင်ခင် အခြေအနေကို ပြန်ရောက်ဖို့ဆိုတာကတော့ အချိန်တခုတော့ ကြာဦးမှာပါ” လို့ မှတ်ချက်ပြုပါတယ်။

မြန်မာနိုင်ငံကို ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှုက ကိုဗစ်ကပ်ရောဂါ မတိုင်ခင်က တနှစ်ကို သုံးသန်းကျော် လေးသန်းခွဲထိ ဝင်ရောက်ခဲ့ပေမဲ့ ကိုဗစ်‌ကပ်‌ရောဂါနဲ့ စစ်အာဏာသိမ်းမှုပြီးနောက် မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ ခရီးသွားဖို့ မသင့်တော်သေးဘူးဆိုတဲ့ သတိပေးချက်တွေကြောင့် တနှစ်ကို ပြည်ပခရီးသွား အရေအတွက် သိန်းဂဏန်းမျှသာ ဝင်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013