DVB Logo
Home
နိုင်ငံတကာ
နာဂေါ်နို-ခါရာဘတ်ခ်ဒေသကို ကုလသမဂ္ဂအဖွဲ့ သွားရောက်စစ်ဆေး
DVB
·
October 3, 2023
နာဂေါ်နို-ခါရာဘတ်ခ်ဒေသကို ကုလသမဂ္ဂအဖွဲ့ သွားရောက်စစ်ဆေး
Donate to DVB

အဇာဘိုင်ဂျန်နိုင်ငံရှိ နာဂေါ်နို-ခါရာဘတ်ခ်ဒေသကို လာရောက်ခဲ့တဲ့ ကုလသမဂ္ဂအဖွဲ့တဖွဲ့ဟာ ဆေးရုံတွေ၊ စာသင်ကျောင်းတွေနဲ့ နေအိမ်တွေအပြင် ယဉ်ကျေးမှုနဲ့ ဘာသာရေးဆိုင်ရာ အရပ်ဘက် အခြေခံအဆောက်အအုံတွေ ထိခိုက်ပျက်စီးမှု မတွေ့ရှိခဲ့ရကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖင် ဒူဂျာရစ်က အောက်တိုဘာ ၂ ရက်မှာ ပြောပါတယ်။

“နောက်ဆုံးအပစ်အခတ်ရပ်စဲရေးအပြီး အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေကို ဒေသခံ ပြည်သူတွေဆီကရော တခြားသူတွေဆီကပါ မတွေ့ခဲ့ကြရဘူး” လို့ ဒူဂျာရစ်ကပြောပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင်တွေဟာ စိုက်ပျိုးရေး အခြေခံအဆောက်အအုံ အပျက်အစီးတွေ ဒါမှမဟုတ် တိရစ္ဆာန်အသေတွေ ဘာမှကို မတွေ့ခဲ့ရဘူးလို့လည်း ဆိုပါတယ်။

အောက်တိုဘာ ၁ ရက်က ကုလအဖွဲ့ သွားရောက်ခဲ့တဲ့ ခါရာဘတ်ခ်ဒေသရဲ့မြို့တော်ကို အာမေးနီးယားက စတာပါးနာကာ့တ်လို့ ခေါ်တွင်ပြီး အဇာဘိုင်ဂျန်မှာတော့ ခါးန်ကန်ဒီလို့ လူသိများပါတယ်။

အာမေးနီးယန်း လူမျိုးစုတွေ နေထိုင်တဲ့ အဲဒီနယ်မြေကို အဇာဘိုင်ဂျန်နီ တပ်ဖွဲ့ဝင်တွေက နယ်မြေသိမ်းပိုက်မှု လုပ်ခဲ့တာကြောင့် အာမေးနီးယန်းလူမျိုး ၁ သိန်းထက်မနည်း အစုအပြုံလိုက် ထွက်ခွာခဲ့ပြီးနောက် သီတင်းပတ်တွေအတွင်းမှာ ကုလအဖွဲ့က သွားရောက်ခဲ့တာပါ။

ဒေသခံပြည်သူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး သူတို့တွေ့ကြုံခံစားရတဲ့ ဆင်းရဲဒုက္ခတွေကို ကုလအဖွဲ့က ထပ်တူ စိတ်မကောင်းဖြစ်ရကြောင်းလည်း ဒူဂျာရစ်က သတင်းထောက်တွေကို ပြောပါတယ်။

အာမေးနီးယားနိုင်ငံဟာ အဇာဘိုင်ဂျန်ကို လူမျိုးတုံးသုတ်သင်မှုလို့ စွပ်စွဲထားပြီး ဘာကူအစိုးရကတော့ ဒီစွဲချက်ကို ငြင်းဆန်ထားပြီး ဘာကူဟာ အာမေးနီးယားကို တိုက်ခိုက်ဖို့ ရည်ရွယ်ချက် မရှိဘူးလို့လည်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013