Home
မြန်မာသတင်း
CDF-မင်းတပ်အတွက် လက်နက်ခဲယမ်းများ တပ်ဆင်ပေး
DVB
·
October 3, 2023

ချင်းပြည်နယ်၊ မင်းတပ်မြို့အခြေစိုက် Chin Defence Force-Mindat (CDF-မင်းတပ်) အတွက် လက်နက်ခဲယမ်းတွေ တပ်ဆင်ပေးခဲ့တယ်လို့ IMCO အဖွဲ့ဆီက သိရပါတယ်။

International Mindat K’Cho Organization (IMCO)၊ Heal the World၊ CEA (Norway) အဖွဲ့ ၃ ဖွဲ့ ပူးပေါင်းဝယ်ယူခဲ့တဲ့ AK-47 သေနတ် ၄၀ လက်၊ ကျည် ၁၂၀,၀၀၀ တောင့်၊ ကျည်အိမ် ၁၂၀ ခုတို့ကို CDF-မင်းတပ်ထံ အပ်နှံခဲ့တယ်လို့ အောက်တိုဘာ ၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

IMCO အဖွဲ့အနေနဲ့ CDF-မင်းတပ်အတွက် လက်နက်ဝယ်ယူတပ်ဆင်ပေးမယ့် ပရောဂျက်ကို ၂၀၂၂ ခုနှစ် ဇွန်လကတည်းက စတင်ခဲ့တာ ဖြစ်ပါတယ်။

ပရောဂျက်အတွက် ကံစမ်းမဲလက်မှတ်တွေ ရောင်းချခဲ့ပြီး ၇၀၀၇၂ ဒသမ ၇၁ ဒေါ်လာ ရရှိခဲ့ပေမဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအတွက် အရေးပေါ် စားနပ်ရိက္ခာ လိုအပ်ချက်တွေကို ဖြည့်ဆည်းခဲ့ရတဲ့အတွက် ၅၈၇၄၉ ဒသမ ၄ ဒေါ်လာ လက်ကျန်ရှိခဲ့တယ်လို့ သိရပါတယ်။

IMCO အဖွဲ့ရဲ့ ပရောဂျက်ငွေရယ်၊ Heal the World အဖွဲ့နဲ့ CEA(Norway) အဖွဲ့ရဲ့ ပူးပေါင်းငွေ ဒေါ်လာ ၃၅,၀၀၀ လောက်နဲ့ CDF-မင်းတပ်ကို လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။

IMCO ပြန်ကြားရေးတာဝန်ခံက “ဒီ IMCO ရဲ့ CDF- Mindat ကို လက်နက်တပ်ဆင်ပေးတဲ့ ပရောဂျက်မှာ ပါဝင်ကူညီပေးခဲ့တဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ၊ လစဉ်ကောက်ခံငွေများ ထည့်ဝင်သူများ၊ မဲလက်မှတ်များ အားပေးဝယ်ယူခဲ့သူများနဲ့ Heal the world အဖွဲ့နဲ့ CEA(Norway) တို့ကို ကျေးဇူးတင်ရှိပါတယ်” လို့ ပြောပါတယ်။

CDF-Mindat ဟာ စစ်အာဏာရှင်ကို အစောဆုံး တော်လှန်တိုက်ခိုက်ခဲ့ပြီး ဒီနေ့အထိ စစ်ကောင်စီတပ်ဖွဲ့ စစ်‌ကြောင်းများစွာကို မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်၊ ယောဒေသတွေက မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး တိုက်ခိုက်ချေမှုန်းနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တခု ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024