DVB Logo
Home
အားကစား
အနီကတ်နှင့် အဝါကတ် အရေအတွက်များခဲ့သည့် လီဗာပူးအသင်း ပေါင် ၂၅၀၀၀  ဒဏ်ရိုက်ခံရ
DVB
·
October 3, 2023
အနီကတ်နှင့် အဝါကတ် အရေအတွက်များခဲ့သည့် လီဗာပူးအသင်း ပေါင် ၂၅၀၀၀  ဒဏ်ရိုက်ခံရ
Donate to DVB

လီဗာပူးအသင်းဟာ စပါးအသင်းနဲ့ပွဲစဉ်မှာ အဝါနဲ့ အနီကတ်တွေ ပြသခံရတာ များပြားခဲ့တဲ့အတွက် ပေါင် ၂၅၀၀၀ ဒဏ်ရိုက်ခံရတော့မှာဖြစ်ပါတယ်။

အင်္ဂလန်အက်ဖ်အေရဲ့ စည်းမျဉ်းတွေထဲမှာ အသင်း တသင်း အနေနဲ့ တပွဲတည်းမှာပဲ ကတ်ပြား ၆ ခုနဲ့ အထက် ပြသခံရမယ်ဆိုရင် အရေးယူခံရမှာဖြစ်ကြောင်း စည်းမျဉ်းသတ်မှတ်ထားတာပါ။

လီဗာပူးအသင်းဟာ စပါးအသင်းနဲ့ ပွဲစဉ်မှာ အနီကတ် နှစ်ကတ်ပြသခံခဲ့ရသလို အဝါကတ် ၅ ကတ်အထိလည်းပြသခံခဲ့ရတာပါ။

စုစုပေါင်းပြသခံရတဲ့ကတ် ၇ ကတ်အထိရှိခဲ့တာကြောင့် ပေါင် ၂၅၀၀၀ ဒဏ်ရိုက်ခံရဖို့ ဖြစ်လာခဲ့တာပါ။

စပါးအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အဲဒီပွဲစဉ်မှာ လီဗာပူးအသင်းရဲ့ သွင်းဂိုးတစ်ဂိုးဟာလည်း လူကျွံတယ်ဆိုပြီး ပယ်ဖျက်ခံခဲ့ရပါသေးတယ်။

လီဗာပူးအသင်းဟာ ကွင်းလယ်လူ ဂျုံးစ်ရဲ့အနီကတ်ပြစ်ဒဏ်အပေါ်မှာတော့ အယူခံ တင်သွင်းထားတယ်လို့ သိရပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013