DVB Logo
Home
မြန်မာသတင်း
KIA တပ်စခန်းငယ် ၁ ခုကို ဝါရာဇွပ် ပြည်သူ့စစ်တပ်ဖွဲ့ သိမ်းပိုက်ဖျက်ဆီး
DVB
·
October 2, 2023
KIA တပ်စခန်းငယ် ၁ ခုကို ဝါရာဇွပ် ပြည်သူ့စစ်တပ်ဖွဲ့ သိမ်းပိုက်ဖျက်ဆီး
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် တနိုင်း၊ ဂျထူးဇွပ်၊ ဝါရာဇွပ်ဘက်နား ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်ရင်း ၁၄ ရဲ့ ကနွယ်တူပို့စ် စခန်းငယ်တခုကို ဝါရာဇွပ် ပြည်သူ့စစ်တပ်ဖွဲ့က သိမ်းလိုက်ကြောင်း သိရပါတယ်။

KIA နဲ့ နီးစပ်သူတဦးက “ဒီမနက် ဝါရာဇွပ် ပြည်သူ့စစ် မင်းဇေသန့်အဖွဲ့က တပ်ရင်း ၁၄ ရဲ့ ကနွယ်တူပို့စ်ကို သိမ်းသွားတယ်။ လက်နက်အနည်းငယ် ပါသွားတယ်” လို့ ပြောပါတယ်။

ဝါရာဇွပ် ပြည်သူ့စစ်တပ်ဖွဲ့က KIA တပ်မဟာ ၂၊ တပ်ရင်း ၁၄၊ ကနွယ်တူပို့စ်ကို အောက်တိုဘာ ၂ ရက် မနက်ပိုင်းက သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးကာ လက်နက်တချို့ သိမ်းဆည်းရမိကြောင်း ဝါရာဇွပ် ပြည်သူ့စစ်တပ်ဖွဲ့ရဲ့ တယ်လီဂရမ် ချန်နယ်မှာ ဒီမနက်က သတင်းထုတ်ထားပါတယ်။

KIA ရှေ့တန်းသတင်းရင်းမြစ်တဦးက “ကျနော်တို့ ပို့စ် ၁ ခုမှာ လူ လေးငါးယောက်ပဲ ရှိတယ်လေ” လို့ ပြောပါတယ်။ သတင်း မှန်မမှန်နဲ့ အသေးစိတ် အခြေအနေကို စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက် မနက်ပိုင်းမှာ KIA ဘက်က ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးမင်းဇေသန့်ရဲ့ နေအိမ်နဲ့ တပ်စခန်း ၃ ခုကို သွားရောက်ပစ်ခတ်ခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက် ဖားကန့် ဟောင်းပါးက KIA တပ်စခန်း ၁ ခု အလစ်ဝင်တိုက်ခံခဲ့ရတာကြောင့် KIA နဲ့ PDF ဘက်က ၅ ဦးကျဆုံးပြီး လက်နက် ၅ လက် ဆုံးရှုံးခဲ့ဖူးပါတယ်။

စက်တင်ဘာလအတွင်း တာပိန်တိုက်ပွဲ၊ ဆမားလမ်းဆုံတိုက်ပွဲ၊ နမ်ဂျက်တိုက်ပွဲ၊ ခလားတောင်တိုက်ပွဲ၊ အောင်ဂျာ စခန်းသိမ်းတိုက်ပွဲ၊ ဆမားလမ်းခွဲတိုက်ပွဲ၊ ဒရူယန်စခန်းသိမ်းတိုက်ပွဲ၊ ဖားကန့်ပြောက်ကျား၊ ဆွမ်ပရာဘွမ် ကြားဖြတ်တိုက်ပွဲ၊ နန့်ပေါင်လေတပ်စခန်း တိုက်ခိုက်မှု၊ ဆိုင်းတောင်တိုက်ပွဲ၊ နွမ်းလန့်နဲ့ အူထန်ယန်ကြား တိုက်ပွဲတွေမှာတော့ KIA ဘက်က အသာစီးရခဲ့တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေရဲ့ အချက်အလက်တွေမှာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013