DVB Logo
Home
မြန်မာသတင်း
ရန်ကုန်လေဆိပ်တွင် iPhone အသစ်များကို စစ်ကောင်စီက သိမ်းဆည်း၊ ငွေညှစ်နေ 
DVB
·
October 2, 2023
ရန်ကုန်လေဆိပ်တွင် iPhone အသစ်များကို စစ်ကောင်စီက သိမ်းဆည်း၊ ငွေညှစ်နေ 
Donate to DVB

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ  ခရီးသွားပြည်သူတွေ နိုင်ငံခြားကအပြန်  ဝယ်ယူလာတဲ့ iPhone 15 ၊15 Pro၊15 Pro max စတဲ့ ဖုန်းအသစ်တွေကို စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေက သိမ်းဆည်းပြီး ငွေညှစ် ပြန်လည်ရွေးယူခိုင်းကာ အကျင့်ပျက် လာဘ်စားနေကြတယ်လို့  လေဆိပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်၊ ရဲ နဲ့ အကောက်ခွန်ဦးစီးဌာနက ဝန်ထမ်းတွေဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ စက်တင်ဘာ ၂၄ ရက်က စတင်ကာ ခရီသည်တွေ နိုင်ငံခြားကနေ ဝယ်ယူလာတဲ့ iPhone 15 အမျိုးအစားကို သီးသန့်ရှာဖွေသိမ်းဆည်းနေတာလို့  လေဆိပ်နဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဖုန်းက အလွယ်တကူ ငွေတောင်းရတာဆိုတော့ ဖုန်းပဲ အဓိကစစ်တာ။ စျေးကြီးပေးပြီး ဝယ်လာရတာ ဆိုတော့ အဆုံးအရှုံးမခံနိုင်တော့  နှစ်သိန်း၊ သုံးသိန်းလောက် ပေးရင် လွှတ်ပေးတယ်” လို့ ပြောပါတယ်။

ကတိအတိုင်း ငွေလွှဲမပေးပါက မြို့အဝင်ဂိတ်တွေကနေတဆင့် ထပ်မံဖမ်းဆီးခိုင်းတာမျိုး ရှိတယ်လို့ ကုန်သည်တဦးက ဒီဗွီဘီ ကိုပြောပါတယ်။

“လေဆိပ်မှာ ညှိလို့ရရင် အပြင်ရောက်တာနဲ့ ပိုက်ဆံတခါတည်း လွှဲပေးမှရတာ၊ လွတ်ပြီးဆိုပြီး ပြေးရင် မြို့အဝင်ဂိတ်တွေမှာ  ထပ်ဖမ်းတယ်။ ကျနော့်အသိတယောက်ဆို လေဆိပ်က လွတ်လာပြီးမှ ထပ်အဖမ်းခံရတာ iPhone 15 နဲ့ promax ၇ လုံးပါသွားတယ်။”

ရန်ကုန်လေဆိပ်မှာ အဖွဲ့အစည်းရှိတဲ့ထဲ စစ်ကောင်စီတပ်နဲ့ အကောက်ခွန်ဦးစီးဌာနက ပိုမိုပညာပြပြီး ဖုန်းတွေကို သိမ်းဆည်းကာ အကောက်ခွန်(ကာကွယ်ရေး)ဌာနကို လာရောက်ရွေးယူခိုင်းတယ်လို့ သိမ်းဆည်းခံရသူ တဦးက ဒီဗွီဘီကို ပြောပါတယ်။

“စီမံချက်နဲ့တိုးရင် ညှိလို့မရဘူး။ အသနားခံစာ တင်ရတယ်။ အကောက်ခွန်က စစ်ဆေးတယ်။ ပြီးရင် CID ကို လွှဲပေးတယ်။ နောက်ဆုံး ကာကွယ်ရေးကို ပြန်သွားရတယ်။ ငွေပေးရတာတော့ အတူတူပဲ” လို့ ပြောပါတယ်။

ခရီသည်တယောက်ကို iPhone နှစ်လုံးအထိ ယူဆောင်ခွင့်ပြုထားပြီး နှစ်လုံးထက်ပိုပါက တရားမဝင် ကုန်သွယ်မှုဖြစ်လို့ သိမ်းဆည်းရတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးကတော့ ဒီဗွီဘီကို ပြောပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလကစတင်ကာ ထိန်းချုပ်ဓာတုပစ္စည်းတွေနဲ့ ကုန်စည်တွေကို တားဆီးဆောင်ရွက်နိုင်ရေးအတွက် အထူးစစ်ဆင်ရေး “Operation 39” ကို စစ်ကောင်စီက ဖွဲ့စည်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013