
နာပိုလီတိုက်စစ်မှူး အိုဆီမန်ကို လှောင်ပြောင်တဲ့ တစ်တော့ခ်ဗီဒီယိုတင်ခဲ့တာနဲ့ ပတ်သက်ပြီး အသင်း ဆိုရှယ်မီဒီယာ အရာရှိချုပ် ဖော်တီနိုဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။
အီတလီစီးရီအေ ချန်ပီယံ နာပိုလီအသင်းဟာ စက်တင်ဘာ ၂၄ ရက်က ဘိုလော့ညာနဲ့ ဂိုးမရှိသရေကျခဲ့ပြီး တိုက်စစ်မှူး အိုဆီမန်က ပင်နယ်တီ လွဲချော်ခဲ့တာပါ။
အဲဒီနောက် နာပိုလီအသင်း တရားဝင်တစ်တော့ခ်ကနေ အိုဆီမန်ကို လှောင်ပြောင်တဲ့ ဗီဒီယိုနှစ်ခု တင်ခဲ့တာပါ။
ဗီဒီယိုတစ်ခုက ပင်နယ်တီတောင်းဆိုတာနဲ့ လွဲချော်သွားပုံကို ပြသကာ ဟာသလုပ်ထားပြီး နောက်တစ်ခုက လူမျိုးရေးခွဲခြားမှု ရှိစေနိုင်တဲ့ အခြေအနေဖြစ်ခဲ့တာပါ။
နောက်ပိုင်းမှာ အိုဆီမန်က အဲဒီလုပ်ရပ်အပေါ် ဒေါသထွက်ခဲ့ပြီး အေးဂျင့်ကနေ တဆင့် တရားစွဲဆိုသွားဖို့ အထိ ပြင်ဆင်ခဲ့တာပါ။
တစ်ပတ်ခန့်အကြာမှာတော့ နာပိုလီ ဆိုရှယ်မီဒီယာအရာရှိချုပ် ဖြစ်သူ ဖော်တီနိုက ရာထူးကနေ နုတ်ထွက်ကြောင်း အင်စတာဂရမ်ကနေ တရားဝင်ကြေညာခဲ့တာပါ။
အိုဆီမန်ဟာ ပင်နယ်တီလွဲချော်ပြီး လှောင်ပြောင်းခံရတဲ့နောက်ပိုင်း ကစားခဲ့တဲ့နှစ်ပွဲမှာ နှစ်ဂိုးသွင်းခဲ့ပေမဲ့ အောင်ပွဲခံခြင်း မရှိခဲ့ပါဘူး။
Photo-Reuters