DVB Logo
Home
မြန်မာသတင်း
သင်္ဃန်းကျွန်းတွင် YBS နှင့် လိုက်ထရပ်ကား တိုက်မိပြီး လူ ၅ ဦးဒဏ်ရာရ 
DVB
·
October 1, 2023
သင်္ဃန်းကျွန်းတွင် YBS နှင့် လိုက်ထရပ်ကား တိုက်မိပြီး လူ ၅ ဦးဒဏ်ရာရ 
Donate to DVB

ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးဒေါင့်ကန်လမ်းမကြီး၊ ခပ်ချီးယားမှတ်တိုင်အနီးမှာ အောက်တိုဘာ ၁ ရက် ဒီနေ့ မနက်ပိုင်းက YBS 111 နဲ့ လိုက်ထရပ်ကား တိုက်မိပြီး လူ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ Medical လူငယ်များအသင်းက ပြောပါတယ်။ 

မနက် ၁၀ နာရီခွဲလောက်က လေးထောင့်ကန်လမ်းမအတိုင်း မောင်းနှင်လာတဲ့ လိုက်ထရပ်ယာဉ်ဟာ တက်စီ ၁ စီးကို တိမ်းရှောင် ဘရိတ်အုပ်လိုက်ရာကနေ သင်္ဃန်းကျွန်းစံ‌ပြဈေးဘက်ကနေ တာမွေဘက်ကို မောင်းနှင်လာတဲ့  YBS ကို ဝင်တိုက်မိတာ ဖြစ်ပါတယ်။

Medical လူငယ်များအသင်းတာဝန်ရှိသူက “အသင်းတိုက်နဲ့ ခပ်ချီးယားမှတ်တိုင်ကြားမှာ ဖြစ်တာ။ တက်စီကို လိုက်ထရပ်ကရှောင်ရင်း ဘရိတ်အုပ်လိုက်တော့ YBS နဲ့ တိုက်မိသွားတာ။ လူနာက လိုက်ထရပ်ပေါ်ကပဲ ထွက်တယ်။ ယာဉ်မောင်းကတော့ အဝါရောင်အဆင့်လူနာပါ။ ကားပေါ်မှာ ကျား ၁ ဦး၊ မ ၁ ဦးပါတယ်” လို့ ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် YBS ကား အ‌ရှေ့ဘက်ပျက်စီးမှန်ကွဲ၊ လိုက်ထရပ်ကားခြေနင်း ပျက်စီးသွားပြီး လိုက်ထရပ်ယာဉ်မောင်း အသက် ၄၅ နှစ်အရွယ် အမျိုးသားမှာ ဦးခေါင်းပြတ်ရှဒဏ်ရာနဲ့ ကားနောက်ခန်းမှာ လိုက်ပါလာတဲ့ အသက် ၅၀၊ ၄၀ အရွယ် အမျိုးသမီး ၄ ယောက်မှာ ရင်ဘတ်၊ ခါးရိုးထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူတွေကို Medical အသင်းကား ၂ စီးနဲ့ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးကို ပို့ဆောင်ပေးထားပြီး YBS 111 ဟာ တောင်ဒဂုံကနေ ဆူးလေ မဟာဗန္ဓုလပန်းခြံကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013