DVB Logo
Home
မြန်မာသတင်း
ဆံပင်ညှပ်သင်တန်းကျောင်းတခုက ပရဟိတအလှူအဖြစ် လူ ၁၅၀ ကိုဆံပင်ညှပ်ပေး 
DVB
·
October 1, 2023
ဆံပင်ညှပ်သင်တန်းကျောင်းတခုက ပရဟိတအလှူအဖြစ် လူ ၁၅၀ ကိုဆံပင်ညှပ်ပေး 
Donate to DVB

ရန်ကုန်တိုင်းထဲက အခြေခံလူတန်းစားတွေနေထိုင်ရာ ရပ်ကွက်၊ မိဘမဲ့ဂေဟာ​တွေနဲ့  ကယ်ဆယ်ရေးစခန်း စတဲ့နေရာတွေမှာ ဆံပင်ညှပ်သင်တန်းကျောင်းတခုက ပရဟိတအလှူအဖြစ် လိုက်လံ ဆံပင်ညှပ်ပေးခဲ့ပါတယ်။  

HAIR CITY Professional Hair Training School က စက်တင်ဘာ ၂၈ ရက်နဲ့ ၂၉ ရက်နေ့မှာ ရန်ကုန်၊ ဒလဘက်ကမ်းက ဆရာရောဘတ် မိဘမဲ့ဂေဟာ၊ ဒလမြို့ စစ်ဆးရေးဂိတ်အနီး ​ကယ်ဆယ်ရေးစခန်းနဲ့ တိုက်ကြီးမြို့၊ ဓမ္မရောင်ခြည်ကျောင်းတိုက် ဘ/က ကျောင်းက လူဦးရေပေါင်း ၁၅၀ ကျော်ကို ညှပ်ပေးခဲ့​တာပါ။ 

ပရဟိတကျောင်းတွေနဲ့ မိဘမဲ့ဂေဟာတွေမှာ တခြားသောအလှူတွေရှိပေမဲ့ ဆံပင်ညှပ်ပေးတဲ့အလှူကိုတော့ မိမိတို့တတ်တဲ့ပညာနဲ့ ပရဟိတ လုပ်ပေးဖြစ်တာလို့ သင်တန်းဆရာ HC Soe က ပြောပါတယ်။ 

“အဓိကကတော့ ပရဟိတလုပ်ငန်းတွေထဲမှာ ရှားပါးတဲ့အလှူမျိုးပါ။ သင်တန်းဆင်း ကလေးတွေလည်း သင်ကြားထားတဲ့ပညာရပ်တွေကို သင်တန်းဆင်းစမှာ အမှတ်တရ ပညာအလှူသဘောမျိုးလည်းဖြစ် လက်တွေ့လည်း များများလုပ်ဖြစ်စေချင်တဲ့ သဘောမျိုးနဲ့ ခုလို လုပ်ဖြစ်တာ” လို့ ပြောပါတယ်။

အဲဒီ ကုသိုလ်ဖြစ်ဆံပင်ညှပ်ရာမှာ ပရဟိတကုသိုလ်ဆံပင်ညှပ်တာကို သင်တန်းဆရာ  အပါအဝင်လက်ထောက် ဆရာ ၂ ယောက်နဲ့အတူ သင်တန်းဆင်း Stylist ၁၃ ယောက်က ညှပ်ပေးခဲ့ကြပါတယ်။

သင်တန်းသူတယောက်က “ဒီ ဘ/ကကျောင်းမှာက ညီမတို့ မရောက်ခင်က သူတို့လေးတွေက ကတုံးဆံပင်ပဲ ညှပ်ကြတယ်လို့ ပြောတယ်။ အခုဆိုရင် ဆံပင်ပုံစံ အဆန်းလေးတွေဖန်တီးပေးလိုက်တော့ သူတို့လေးတွေ ကျေနပ်သွားကြတာကိုကြည့်ပြီး ကြည်နူးပီတိဖြစ်ရတယ်” လို့ ပြောပါတယ်။  

 HAIR CITY Professional Hair Training School  အနေနဲ့ Hair stylist တွေ ထပ်ပြီးတိုးလာနေသရွေ့ အခုလို ပရဟိတတွေ ဆက်ပြီးလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013